
တခါတလေ သူ၏အပြုံးကို မြင်ရတတ်သည်။
အိပ်နေရင်း သူ၏အပြုံးကို သဘောကျ၏
သူအိမ်မက် မက်နေသလား
သူ့အိမ်မက်ထဲ ဘယ်သူရောက်လို့နေလဲ
ငါဖြစ်နိုင်လား......
မေးခွန်းတစ်ခု ငါ့၏ရင်ထဲသို့ တိုးဝင်လာ
ငါ မဖြေနိုင်ပါ......
သူနိုးလာမည့် အချိန်ကို ထိုင်စောင့်ရင်း
သူ၏ မျက်နှာလေးကို ငေးကြည့်နေခဲ့တယ်
သူ့မျက်လုံး ဖွင့်လာတဲ့ အချိန်
ငါ၏အပြုံးနဲ့ နုတ်ဆက်ကာ
မေးခွန်း တစ်ခု မေးလိုက်မယ်
ခုဏ ဘယ်သူ့ကို အိမ်မက် မက်နေသလဲ..
0 comments:
Post a Comment