Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Friday, February 29, 2008

TheSize Of Our World





Have you even wondered how big planets and the stars are? Here's a very good model that shows how big or small they can be.

source rense.com


Wednesday, February 27, 2008

Food For Love

Lover, they say, live on love and fresh air maybe that is why one rarely, if ever, finds reference to food in love songs. Poets hardly ever sing of food; poets too live on poetry and fresh air perhaps.

In Myanmar pastoral songs and madrigals, there is quite a number of references to food. The Myanmar swain in calling his maid to 'come and live' with him, does not sing of the pleasures of the hills, valleys, dale and craggy mountains; he does not promise her 'beds of roses' but only a coverlet of cowhide and thicks cotton blanket to wrap her up tenderly and lull her to sleep with the music of his bamboo flute.

To her swain's invitation, the maid responds with a promise of a meal she would cook with roselle buds and land crabs, shells and all, and a dish of field mouse sweetened with white pumpkin; she said she would spread the royal banquet before her man, as the sun rises high in the cool drowsy weather; so that he will doze off in a luxurious nap after the meal.

ဒေါ်ခင်မျိုးချစ်၏ Coulourful Myanmar စာအုပ်မှ ကောက်နုတ်ထားပါတယ်။


Friday, February 22, 2008

ဂဲန်ဂျစ်ခန်၏ သားစဉ်မြေးဆက်


ဂဲန်ဂျစ်ခန် မသေမီမှာ သူ၏တတိယသား အောဂဒဲကို သူ့ရာထူးဆက်ခံပါစေလို့ တောင်းဆိုတယ်။ အဲဒါလဲ အင်မတန်မှန်တဲ့ ရွေးကောက်ချက်ဖြစ်တယ်။ အောဂဒဲဟာ သူ့ပုံစံနဲ့ သူစွမ်းတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပါတယ်။ သူခေါင်းဆောင်ပြီး မောင်ဂိုတပ်တွေဟာ တရုတ်မှာလဲ ဆက်တိုက်တယ်။ ရုရှအားလုံးကိုလည်း ချေမှုန်းတယ်။ ပြီးတော့ ဥရောပနိုင်ငံကိုလဲ ထိုးဝင်တယ်။ မောင်ဂိုတပ်တွေဟာ ၁၂၄၁ မှာ ပေါလစ်ဂျာမန်နဲ့ ဟန်ဂေရိယတပ်တွေကို လုံးဝချေမှုန်းပြီး ဗုဒဖက်စ်ကိုကျော်ပြီး ရောက်လာကြတယ်။ ဒါပေမယ့် အဲဒီနှစ်မှာပဲ အောဂဒဲသေဆုံးပြီး မောက်ဂိုတပ်တွေဟာ ဥရောပက ဆုတ်ခွာသွားတယ်။ နောင်ဘယ်တော့မှ ပြန်မလာတော့ပါ။

မောင်ဂိုအကြီးအကဲတွေဟာ အချိန်အကြာကြီး အောဂဒဲကို ဆက်ခံမယ့်သူကို ရွေးမရနိုင်အောင် ဖြစ်နေပါတယ်။ ပြီးမှ ဂဲန်ဂျစ်ခန်ရဲ့မြေးတွေဖြစ်တဲ့ မန်ဂုခန်နဲ့ ကုဗလိုင်ခန်ဆိုတဲ့ ခန်မင်းကြီးနှစ်ပါး လက်ထက်မှာ မောင်ဂိုတွေဟာ အာရှကို ဆက်လက်တိုက်ခိုက်ပြန်တယ်။ ၁၂၇၉ မှာ တရုတ်အားလုံးကို ကုဗလိုင်ခန်က သိမ်းယူပြီးတဲ့အခါ မောင်ဂိုတွေဟာ သမိုင်းမှာ အကျယ်ပြန့်ဆုံး ကြည်းလက်နက်နိုင်ငံကို အုပ်စိုးနိုင်သူတွေ ဖြစ်လာပါတယ်။ သူတို့ပိုင်နက်ထဲမှာ တရုတ် ၊ ရုရှနဲ့ ဗဟိုအာရှတွေလည်းပါတယ်။ ပါရှနဲ့ အရှေ့မြောက်အာရှ အားလုံးနီးပါးလည်း ပါတယ်။ သူတို့တပ်တွေက ပိုလန်က မြောက်အိန္ဒိယအထိ အောင်မြင်စွာ လုယက်တိုက်ခိုက်နိုင်တယ်။ ကိုရိယ တိဗက်နဲ့ အရှေ့တောင်အာရှ တချို့ဒေသတွေကလည်း ကုဗလိုင်ခန်ရဲ့ လက်အောက်ခံဖြစ်ခဲ့တယ်။ ဟိုအချိန်အခါက ရှေးခတ်ပုံစံ ခရီးလမ်း ဆက်သွယ်ရေးအတိုင်း ဒီလောက်ကျယ်တဲ့ လက်နက်နိုင်ငံကို ဘယ်နည်းနဲ့မှ အကြာကြီး သိမ်းမထားနိုင်ပါ။ အဲဒါနဲ့ မောင်ဂိုလက်နက်နိုင်ငံဟာ မကြာခင် အစိတ်စိတ်ကွဲရပါတယ်။ ဒါပေမယ့် မောင်ဂိုမင်းဆက် ထောင်နိုင်တဲ့ နိုင်ငံတွေမှာ မောင်ဂိုစိုးမိုးခြင်း အကြာကြီးဆက်လက် တည်တန့်တာကို တွေ့ရပါတယ်။ မောင်ဂိုတွေကို တရုတ်က ၁၃၆၈ မှာတိုက်ထုတ်နိုင်ခဲ့တယ်။ ရုရှမှာ သူတို့အုပ်ချုပ်ရက် ဒါ့ထက်ရှည်ပါတယ်။ ဂဲန်ဂျစ်ခန်ရဲ့မြေး ဗတုထူထောင်တဲ့ ရွှေတပ်ဖွဲ့ခေါ် ရုရှမောင်ဂိုနိုင်ငံဟာ တစ်ဆယ့်ခြောက်ရာစုနှစ်အထိ ဆက်လက်တည်ရှိပြီး ဂရိုင်မိယခန်နိုင်ငံဟာ ၁၇၈၃အထိ မပျက်မစီး ရှိနေခဲ့ပါတယ်။ ဂဲန်ဂျစ်ခန်ရဲ့ သားတွေမြေးတွေ ထူထောင်တဲ့ မင်းဆက်တွေဟာ ဗဟိုအာရှနဲ့ ပါရှမှာရှိတယ်။ အဲဒီနေရာတွေကို မောင်ဂိုသွေးပါတဲ့ တိမာရ်ခေါ် တမာလိန်းက တစ်ဆယ့်လေးရာစုနှစ်မှာ သိမ်းယူတယ်။ သူက ဂဲန်ဂျစ်ခန်အကျိုး မင်းဆက်ခံယူတယ်။ တမ်လိန်မင်းဆက်ဟာ နောက်ဆုံးတစ်ဆယ့်ငါးရာစုနှစ်ရောက်မှ အဆက်ပြတ်သွားတယ်။ ဒါတောင် မောင်ဂိုပိုင်ဆိုင်အုပ်စိုးမှုတွေ ကြွင်းကျန်နေသေးတယ်။ တမာလိန်ရဲ့ မြေးရဲ့မြေး ဗာဗာက အိန္ဒိယကို ၀င်တိုက်ပြီး မဂိုမင်းဆက်ကို ထူထောင်ခဲ့ပါတယ်။ မဂိုမင်းတွေဟာ အမှန်တကယ်ပဲ အိန္ဒိယအားလုံးနီးနီးကို သိမ်းယူပြီး တစ်ဆယ့်ရှစ်ရာစုနှစ်ဝက်အထိ အာဏာကို ဆုပ်ကိုင်ထားနိုင်ကြပါတယ်။

သမိုင်းတလျှောက်မှာ ကမ္ဘာကိုလွှမ်းမိုးနိုင်သူတွေဟာ အများကြီးအောင်မြင်ကြတာကို တွေ့ရပါတယ်။ အဲဒီလို ငါ့ထက်သာ လူမှာမရှိ ဆိုတဲ့ လူထဲမှာတော့ မဟာအဲလီဇန်ဒါ ၊ ဂဲန်ဂျစ်ခန် ၊ နပိုလီယန်ဗိုနာဗက်နဲ့ အဒေါ့ဖ်ဟစ်တလာတို့က အထင်ရှားဆုံးဖြစ်ပါတယ်။


Wednesday, February 20, 2008

GENGHIS KHAN


ဂဲန်ဂျစ်ခန် ခေါ် မောင်ဂို အောင်နိုင်သူကြီးဟာ ခရစ်နှစ် ၁၁၆၂ လောက်က မွေးဖွားသူဖြစ်တယ်။ သူ့ဖခင်က မောင်ဂိုခေါင်းဆောင်ငယ်တစ်ယောက်ဖြစ်သည်။ သူ့သားကို သူနိုင်လိုတဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ နာမည်ကိုယူပြီး တေမုဂျိန်လို့ ခေါ်ပါတယ်။ တေမုဂျိန် ၉နှစ်သားအရွယ်ရောက်တော့ ရန်သူမျိုးတူစုတစ်စုက လာသတ်သွားတယ်။ ဒါနဲ့ ကျန်ရစ်တဲ့ မိသားစုက ပုန်းအောင်းပြီး ကြောက်ကြောက်လန့်လန့် ဆင်းတောင့် ဆင်းရဲနေခဲ့ရတယ်။ အဲဒီလိုအစမကောင်းတဲ့အပြင် ပြန်မကောင်းမှီအချိန်ဟာ ပိုလို့သာဆိုးခဲ့တယ်။ လူလားမြောက်စမှာ ရန်သူမျိုးတူစုကဖမ်းပြီး ထွက်မပြေးနိုင်အောင် လည်ပင်းမှာ သစ်သားပြားကြီးတစ်ခုကို အပေါက်ဖောက်ပြီး ကော်လာ တပ်ပေးထားတာကို ခံရတယ်။ ဘာဆိုဘာမှ ကောင်းဖို့အလားအလာမရှိ ၊ အကျဉ်းသားဘ၀ ၊ စာမတတ် ၊ ပတ်လည်မှာလည်း လူသူ စိုက်ခင်းပျိုးခင်းမရှိ အဲဒီကမှစ ကမ္ဘာမှာ တန်ခိုးအကြီးဆုံးပုဂ်ဂိုလ် ဖြစ်လာပါတယ်။

သူ့တက်လမ်းဟာ အကျဉ်းသားဘ၀က ထွက်ပြေးလွတ်မြောက်ခြင်းက စတယ်။ အနီးအနားမှာနေတဲ့ ဖခင်ရဲ့မိတ်ဆွေ ၊ သွေးသားတော်စပ်တဲ့ အကြီးအကဲ တော့ဂရီလ်ဆီမှာ ခိုလှုံရင်း မောင်ဂိုမျိုးတူစုတွေ မပြတ်အောင်သတ်ကြ ၊ ဖြတ်ကြတဲ့အထဲက တေမုဂျိန်ဟာ တဖြည်းဖြည်း ထိပ်ကိုတိုက်ခိုက်ရင်း ရောက်လာပါတယ်။

မောင်ဂိုမျိုးတူစုတွေဟာ အင်မတန်မြင်းစီးတော်ပြီး ထိတ်လန့်ကြောက်ရွံ့စရာ စစ်သူရဲတွေဖြစ်တယ်။ သမိုင်းတလျှောက်မှာ သူတို့က တရုတ်မြောက်ပိုင်းကို ရုတ်တရက်မကြာခဏ ၀င်ရောက်လုယက် ဖျက်ဆီးတတ်တယ်။ ဒါပေမယ့် တေမုဂျိန် ဘုန်းတန်ခိုး မကြီးထွားမီက မျိုးတူစုအချင်းချင်း တိုက်ခိုက်နေကြတာနဲ့ မောပန်း အင်အားယုတ်လျော့နေပါတယ်။ စစ်အားသာခြင်း အသာတကြည် ပြောဟောဖျောင်းဖျခြင်း ရက်စက်စရာရှိရင် မညှာမတာ ရက်စက်ခြင်း ၊ စည်းရုံးနိုင်စွမ်းရှိခြင်းတွေကြောင့် တေမုဂျိန်က မျိုးတူစုအားလုံးကို သူ့လက်အောက်မှာ စုစည်းမိအောင်လုပ်တယ်။ ၁၂၆၀ ပြည့်မှာ မောင်ဂို အကြီးအကဲတွေ အားလုံးက သူ့ကို စကြ၀ဠာဧကရာဇ် အဓိပ္ပါယ်ရတဲ့ ဂဲန်ဂျစ်ခန်အဖြစ် ရွေးကောက်တင်မြှောက်ကြပါသည်။

ဂဲန်ဂျစ်ခန်စုစည်းထားသော သိပ်ကြီးမားတဲ့ စစ်ယန္တရားကြီးနဲ့ အနီးအနားနိုင်ငံတွေကို တိုက်ခိုက်ရေးစပါတော့တယ်။ အနောက်မြောက်တရုတ် ၊ ရုရှနိုင်ငံနဲ့ အနောက်တရုတ် ချင်ဧကရာဇ်နိုင်ငံတွေကို စတင်တိုက်ခိုက်တယ်။ ဒီလိုတိုက်ခိုက်ဆဲမှာပဲ ပါရှနဲ့ ဗဟိုအာရှမှာ အတော်ကျယ်ပြန့်တဲ့ နိုင်ငံတော်ပိုင်ရှင် ခွာရက်စံရှား မုဟမစ်နဲ့ အငြင်းခုံဖြစ်ကြတယ်။ ဂဲန်ဂျစ်ခန်က ခွာရက်စံရှားကို သွားရောက်တိုက်ခိုက်တယ်။ ဗဟိုအာရှနဲ့ ပါရှကိုချေမှုန်းပြီး ခွာရက်စံရှားရဲ့ လက်နက်နိုင်ငံကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပါသည်။ မောင်ဂိုစစ်သည်တွေ ရုရှကို တိုက်ခိုက်ဆဲ ဂဲန်ဂျစ်ခန်ကိုယ်တိုင် အာဖဂန်နီစတန်နဲ့ မြောက်အိန္ဒိယကို ၀င်ရောက် လုယက်တိုက်ခိုက်သည်။ မောင်ဂိုလျကို ၁၂၂၅ ခုမှာ ပြန်ရောက်လာပြီး ၁၂၂၇ မှာ ကွယ်လွန်ခဲ့ပါတယ်။

မ} အလွန်သဘောကျသော နိုင်ငံခြားစစ်သူရဲကောင်းကြီးတစ်ယောက်ဖြစ်၍ သူ၏အကြောင်းအရာ ကိုဖော်ပြချင်ခဲ့သောကြောင့် ယခုလိုဒေါက်တာသန်းထွန်း၏ ကျော်စွာ ၁၀၀ ဒုတိယတွဲ စာအုပ်မှ ကူးယူဖော်ပြလိုက်ပါသည်။ သူ၏သားများအကြောင်းကို ဆက်လက်ရေးပါအုံးမည်။