Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Tuesday, February 12, 2008

နယ်နိမိတ်

အချစ်ကို နယ်နိမိတ်တွေ
သတ်မှတ် တည်ဆောက်ထားလို့ မရနိုင်ဘူး။
အမှန်တော့ ..
တည်ရှိနေတဲ့ နယ်နိမိတ်တွေ အားလုံးကို
အချစ်ကကျော်ဖြတ်သွားတာပါပဲ။
အချစ်ဆိုတာ ... ကျယ်ပြန့်တယ်
အချစ်ဆိုတာ ... ကြီးထွားတယ်
အချစ်ဆိုတာ ... လွတ်လပ်တယ်
အချစ်ဆိုတာ ...
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
အမြဲတမ်း ... အမြဲတမ်း ...
မှန်ကန်နေတဲ့ အဖြေတစ်ခုပါပဲ။
ခုချိန်မှာ မင်းရရှိထားတဲ့
အချစ်ဟာ ...
မင်းလက်ထဲမှာ ရှိနေတာပါ။
မြတ်နိုးယုယပါ။
တန်ဖိုးထားပါ။
တွေ့ကြုံခံစားပါ။

ကောင်းသန့်၏ ဘာသာပြန် ... ။

Tuesday, February 5, 2008

ချစ်သူ့ အိမ်မက်

အိပ်မောကျနေသော ချစ်သူလေးကို ကြည့်ရင်း
တခါတလေ သူ၏အပြုံးကို မြင်ရတတ်သည်။
အိပ်နေရင်း သူ၏အပြုံးကို သဘောကျ၏
သူအိမ်မက် မက်နေသလား
သူ့အိမ်မက်ထဲ ဘယ်သူရောက်လို့နေလဲ
ငါဖြစ်နိုင်လား......
မေးခွန်းတစ်ခု ငါ့၏ရင်ထဲသို့ တိုးဝင်လာ
ငါ မဖြေနိုင်ပါ......
သူနိုးလာမည့် အချိန်ကို ထိုင်စောင့်ရင်း
သူ၏ မျက်နှာလေးကို ငေးကြည့်နေခဲ့တယ်
သူ့မျက်လုံး ဖွင့်လာတဲ့ အချိန်
ငါ၏အပြုံးနဲ့ နုတ်ဆက်ကာ
မေးခွန်း တစ်ခု မေးလိုက်မယ်
ခုဏ ဘယ်သူ့ကို အိမ်မက် မက်နေသလဲ..
@m

cOme, Be my lOve

အချစ်တောင်ကြားမှာ
ကိုယ်လမ်းလျှောက်နေတယ်။
ကိုယ့်မျက်ဝန်းအစုံမှာ
အလင်းနဲ့ ပြည့်ဝလို့၊ ကိုယ့်ခြေအစုံက
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ သန်စွမ်းလို့နေတယ်။
လူသားအားလုံးရဲ့
စစ်မှန်မှုထက် ပိုမိုတောက်ပပြီး ပိုမိုလှပတဲ့
အရိပ်တစ်ရိပ်နဲ့
ဘေးချင်းယှဉ်လျက် ကိုယ်လမ်းလျှောက်နေတယ်။
ပိုးသားလို နူးညံ့ပေမယ့်
သူရဲ့ ကိုယ်ပိုင်စိတ်အစွမ်းနဲ့
သန်မာနေတဲ့ လက်တစ်ဖက်ကို ကိုင်ရင်း
ကိုယ်လမ်းလျှောက်နေတယ်။
လက်ချောင်းလေးတွေက ညက်ပေမယ့်
အလေးအပင်တွေ မ ချီနိုင်ပြီး ကြီးမားတဲ့ လက်ပါ။
သံကြိုးတွေကို ဖြတ်တောက်နိုင်စွမ်းရှိတဲ့ လက်ပါ။
မကြာခဏဆိုသလို အရောင်တောက်ပတဲ့ မျက်ဝန်းအစုံနဲ့
ပြုံးနေတဲ့ နှုတ်ခမ်းအစုံကို ကြည့်ဖို့
ကိုယ့်ခေါင်းကို လှည့်မိတယ်။

ညွန့်ဝေမိုးရဲ့ ကိုယ့်အချစ် မင်းဖြစ်လှည့်ပါ ဘာသာပြန် ကဗျာစာအုပ်ထဲက ကဗျာဖြစ်ပါတယ်။

Friday, January 25, 2008

Thinking of you

I thinks of you, my beloved
every day and every night:
I thinks of you always,
and in every thought
there is a certain pleasure and a certain pain.

What is strange is that whenever I thinks of you
'Come and pour your troubles here, on my breast.'

And at time I call you by name
unknown anyone but loving fathers
and passionate mothers.

You have been in my mind every since I last wrote to you. I have spent long hours thinking of you, talking to you, endeavoring to discover your secrets, trying to unravel your mysteries.

Tuesday, January 15, 2008

ယုံရဲ့လား...



ဒီကဗျာကလေးကိုတော့ ကြယ်စင်သန့်က ရေးခဲ့တာ ။


Monday, January 14, 2008

ချစ်ရသောသူ

ရင်ခုန်စရာများ ပေးခဲ့သောသူ
အချစ်ဆိုသောအရာကို ပေးသောသူ
လွမ်းခြင်း သတိရခြင်းဆိုသောအရာကို
နားလည်လာအောင် ငါ့အားသင်ပေးသူ
ရက်စက်ခြင်းဆိုတာကိုလည်း ငါသိရှိခဲ့ပြီ
........................................................................
မည်မျှပင် ရက်စက်
ငါ၏ အချစ်
ငါ၏ နှလုံးသား
ငါ၏ သံယောဇဉ်
ငါ၏ အပြုံး
ငါ၏ မျက်ရေ
ငါ၏ ဘဝ
ငါ၏ အသက်
ငါ၏ အရာရာကိုပိုင်သော
ငါ၏ ချစ်သူ
ငါ၏ ချစ်ရသောသူ.....

@m

ပျော်စရာကောင်းသော အိမ်

သစ္စာတရားဆိုသော
အုတ်မြစ်ကို ချလိုက်ပါ၊
ဂုဏ်သိက္ခာဆိုသော
အကာအကွယ် နံရံနှင့်ကာလိုက်ပါ၊
ယုံကြည်မှု အမိုးနှင့်
အပေါ်ကခေါင်မိုးကို မိုးလိုက်ပါ၊
မီးလင်းဖို အခင်းပေါ်က
တောက်လောင်နေသော မီးလျှံဆိုတာ
အချစ်ပါ.....
မိုးတွေဘယ်လောက် သည်းသည်း
လေတွေဘယ်လောက် တိုက်တိုက်
အခုလို ပျော်စရာကောင်းတဲ့ အိမ်ကလေးကတော့
ဘယ်တော့မှ ပြိုပျက်မှာမဟုတ်ပါ။


A Happy Home By H.V.Dyke ကိုဘာသာပြန်ဆိုထားပါသည်။




Saturday, January 12, 2008

Honey River

Is Life ...
sweet or bitter?
In fact ...
it is only a honey river
flowing into the bitter sea.

YU ( Chuck )

My friend wrote this poem, I love it so much.