Showing posts with label သင်ဘယ်လိုလူစားလဲ. Show all posts
Showing posts with label သင်ဘယ်လိုလူစားလဲ. Show all posts

Thursday, February 28, 2008

Coffe

ကော်ဖီ သောက်ခြင်း

ကော်ဖီခါးခါးလေး ကိုကြိုက်သောသူတွေက အတွေးလွန်တတ်သူတွေဖြစ်သလို အမြဲတမ်း အောင်မြင်ရေးအတွက် ကြိုးစားအားထုတ်တတ်သူတွေဖြစ်တယ်။

ကော်ဖီ ချိုချိုဆိမ့်ဆိမ့်လေး ကိုကြိုက်တယ်ဆိုရင်တော့ သဘောထားကြီးတယ်၊ ပွင့်လင်းတယ်၊ လူတွေကို လိုက်နောက်တတ်တယ်။ တရားမျှသတာကတော့ သူကိုမရှင်နိုင်ကြဘူးတဲ့လေ။

ကော်ဖီဆိုရင် အနံလေးမွေးနေမှ သောက်ချင်တဲ့သူတွေကတော့ အရွေးလွန်တတ်တယ်။ သူ့ဘ၀အတွက်အကောင်းဆုံး ဆိုတာကိုပဲလိုချင်တဲ့သူ။ အပေါင်းအသင်း ဆိုရင်လည်း ကိုနဲ့ အကျင့်တူတွေကိုမှ ရွေးပေါင်းတတ်တာ။

ကော်ဖီပေါ့ပေါ့လေးကို ကြိုက်တယ်ဆိုရင်တော့ အေးအေးဆေးဆေးနေတတ်တယ်။ ကျန်းမာရေးကို အထူးသတိထားတတ်တယ်။ စကာားအနိုင်လုတာတွေကို အမုန်းဆုံးပဲတဲ့။

ကော်ဖီဆိုရင် ချိုမှ ဆိုတဲ့သူကတော့ အားငယ်တတ်တယ်။ အတွေးကမ္ဘာထဲမှာ အမြဲရောက်နေတတ်တယ်။

ကော်ဖီပုံမှန်လေး အပြိုင်အဆိုင်တွေ အနိုင်အရှုံးတွေကို မလိုလားဘူး။ ဘ၀ဟာ သူဟာသူရှိနေပါတယ် ဆိုတဲ့ ဘ၀သမားတွေပါပဲ။ တိုးတက်မှုကို အမြဲအားဆိုက်နေတတ်တယ်။

ကော်ဖီသောက်ရင် ပူပူလေးမှသောက်လိုတဲ့ သူတွေကတော့ ဘ၀မှာ ရောင်စုံတွေနဲ့ ပြည့်လို့နေတယ်။ ပျင်းရိတယ် ဆိုတာ မရှိသလောက်ပါပဲ။ ကြုံတွေ့သမျှအရာအားလုံးကို ကောင်းကောင်းရင်ဆိုင်ရဲကြတယ်။

ကော်ဖီအေးကိုကြိုက်ရင်တော့ အနားမှာရှိနေတဲ့ သူတွေကို ပျော်ရွှင်မှုတွေ အမြဲပေးတတ်တယ်။ အလုပ်လုပ်ချိန်မှာ အလုပ်ကြိုးစားတယ်။ အနားယူချိန်မှာ အလုပ်နဲ့ ဝေးဝေးနေတယ်။


Tuesday, January 8, 2008

e-mail names

e-mail ကိုပေးထားတဲ့ နာမည်ဟာ ကိုယ်ကိုတိုင် ပေးထားတာမို့ ကိုယ်ရဲ့လက္ခဏာကို ဖော်ပြတယ်လို့ အခုနောက်ပိုင်းမှာ ပြောလာကြတယ်။ ဒါနဲ့ အကျဉ်းချုပ်ပြီး တင်ထားပေးလိုက်တယ်။ မှန်မမှန်တော့ မသိဘူးလေ ဖတ်ကြည့်ပြီးဆုံးဖြတ်ပေါ့နော်။

A J S နဲ့စသော နာမည်
အတွေးအခေါ်နဲ့ လက်တွေ့ပြုလုပ်တတ်သူ၊ ပြောင်းရွှေ့ရတာကို သဘောကျတယ်၊ အထူးသဖြင့် ပိုမိုသစ်လွင်သောနေရာသို့ ပြောင်းရမည်ဆိုက အလွန်ပျော်သည်။ အလုပ်လုပ်ရာတွင်လည်း ကိုယ်၏အစွမ်းအစပြနိုင်သော အလုပ်ကိုမှ ရွေးလုပ်တတ်သည်။ ချစ်သူရှိက ချစ်သူကို ကတိစကားပြောကြားခြင်း ရှိမည်မဟုတ်။

B K T နဲ့စသော နာမည်
တက်တက်ကြွကြွနေတတ်သူ။ သူ၏ဘ၀ကိုလည်း သူ၏ခံစားချက်ပေါ်မူတည်ပြီး ပြောင်းလဲနေတတ်သည်။ ပြဿနာကို မေ့လွယ်သောသူဖြစ်၍ ကြာမြင့်စွာ စိတ်ညစ်မနေတတ်ပါ။ အငြင်းသန်သောသူ တစ်ယောက်လည်းဖြစ်သည်။ သို့သော် ပြဿနာကို ကြုံတွေ့ရပါက ရင်ဆိုင်ရဲသော သတ္တိရှိသူတစ်ယောက်ဖြစ်သည်။

C L U နဲ့စသော နာမည်
ယဉ်ကျေးသည်၊ အပြောကောင်းသည်၊ လူချစ်လူခင် ပေါများတတ်သည်။ ကမ္ဘာကြီးကိုလည်း အကောင်းဖက်ကမြင်တတ်သူဖြစ်သည်။ အနုပညာကို အလွန်နှစ်သက်သောသူလည်းဖြစ်သည်။ ရင်တွင်းခံစားချက်ကို ဖုံးကွယ်ထားတတ်သည်။ မည်သူ့ကိုမှလည်း အမှန်ပြောမည်မဟုတ် ပြောခဲ့သည်ရှိက အမှန် ၃၀ရာခိုင်နှုန်းတာဖြစ်မည်။

D M V နဲ့စသော နာမည်
စည်းကမ်းရှိသည်။ မိသားစု၊ အလုပ်၊ ချစ်သူ အားလုံးဟာ သူ့စည်းနှင့်သူရှိသည်။ အပြောင်းအလဲကို မနှစ်သက်သောသူလည်းဖြစ်သည်။ တစ်ခုခု ပြောင်းလဲရမည်ဆိုက အလွန်တရာ ရင်လေးသည့်ကိစ္စဖြစ်သည်။ သည်းခံတတ်သူဖြစ်၍ အလုပ်လုပ်ရာတွင် ခေါင်းဆောင်နေရာ ရတတ်သည်။

E N W နဲ့စသော နာမည်
စပ်စုသည်။ လူတကာအကြောင်းကို အလွန်တရာမှ သိချင်သောစိတ်ရှိသည်။ မလုပ်ဖူးသော အလုပ်ကို လုပ်ရမည်ဆိုလျှင် သဘောကျတတ်သည်။ လုပ်လျှင်လည်း အောင်မြင်လေ့ရှိသည်။ လူတကာ အမြင်ကပ်တာရော အထင်ကြီးတာရော် ခံရတတ်သည်။ ချစ်သူကိုတော့ မသင်္ကာတတ်သောစိတ် အမြဲထားရှိတတ်သည်။

F O X နဲ့စသော နာမည်
သိမ်မွေ့သောသူဖြစ်သည်။ မချစ်မနှစ်သက်သော သူအပေါ်တွင်လည်း စေတနာထားတတ်သည်။ ကြမ်းတမ်းသော အပြုအမူတွေကို အလွန်မုန်းတီးသောသူ။ သူ့အတွက် အရေးအကြီးဆုံးကတော့ သူ့မိသားစု။ ပတ်ဝန်းကျင်နှင့် ပြေပြေလည်လည် ဆက်ဆံနေထိုင်တတ်သည်။ သို့သော် သူ့တွင်ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။

G P Y နဲ့စသော နာမည်
သူကတော့ အကောင်းကြိုက် အလှအပကြိုက်တတ်သူ။ တနည်းပြောရမယ်ဆိုရင် သူက High-class သမားပဲ။ လူကိုလည်း အလျော့မပေးတတ်ဘူး။ သူကပဲ နိုင်ချင်နေတာ။ ဒါပေမယ့် သူသဘောကျတဲ့သူကို တွေ့သွားပြီဆိုရင် သူကပဲအလျော့ပေးရတဲ့သူ ဖြစ်သွားတတ်ပါတယ်။

H Q Z နဲ့စသော နာမည်
သည်းခံတတ်တဲ့သူတောင် သူနဲ့တွေ့ရင် ပေါက်ကွဲသွားနိုင်တယ်။ သည်းခံတဲ့နေရာမှာ သူကဆရာကြီးပဲလေ။ ဘ၀ဆိုတာကိုလည်း ကောင်းကောင်းနားလည်ထားတယ်လေ။ ဖြေရှင်းရမယ့် ပြဿနာဆိုရင် သူ့ကိုပဲ ပေးရှင်းလိုက်ပါ အကောင်းဆုံးဖြစ်သွားပါလိမ့်မယ်။ ကိုယ်ပိုင်ယုံကြည်မှု့အပြည့်ရှိသူပါ။

I R နဲ့စသော နာမည်
အနာဂတ်သမား အသစ်အဆန်းလေးကိုလည်း အရမ်းသဘောကျတတ်တယ်။ သူ့နဲ့တော့ အတိတ်ကဖြစ်ပျက်လာတာတွေကို လာမပြောနဲ့မကြိုက်ဘူးတဲ့။ ဒါပေမယ့် မကြိုက်တဲ့ကြားကလာပြောနေရင်လည်း ပြီးအောင်တော့နားထောင်ပေးသူပါတဲ့။ လူမူရေး သိတတ်သောသူလို့ပြောလို့ရတာပေါ့။ အခွင့်အရေးလည်း ပေးတတ်တယ်ဆိုပဲ။