Showing posts with label လူဆိုးမ. Show all posts
Showing posts with label လူဆိုးမ. Show all posts

Saturday, January 12, 2008

Lusoema lay

သူငယ်ချင်းတစ်ယောက်နှင့် မိတ်ဆက်ပေးလိုပါတယ်။ သူ့နာမည်က “ဘူးဝက်” တဲ့သူ့ကိုသူတော့ လူဆိုးမလေးဆိုပဲ သူကအရမ်းကို ခင်မင်တတ်သူပါ သူငယ်ချင်းတွေကိုလည်း အမြဲကူညီတတ်ပါတယ် စေတနာကောင်း သဘောကောင်းပေါ့ရှင် သူ့လိုမိန်းကလေးတော့ ခုခေတ်မှာ ရှာရရှားပြီ။ ဒါပေမယ့် သူကတော့ အရမ်းကိုလျှို့ဝှက်တတ်တယ် လျှို့ဝှက်ထားတာတွေပေါ်လာရင် ပုံစံကတစ်မျိုး ။ ဒါကြောင့်သူ့ကိစ္စဆိုရင် လူတွေအသိနည်းတယ် သိတဲ့သူငယ်ချင်းဆိုရင်လည်း အမြဲသူ့ကိုနိုင်တယ်လေ … သူ့ပုံစံကို သိချင်သလား ပြောပြရမှာပေါ့ သူမအရပ်ကတော့ ၅ပေ၅လက်မကို ၃လက်မခွဲလောက်နုတ်လိုက် ရတဲ့အဖြေက သူ့အရပ်အမောင်းပါပဲ ကိုယ်ထည်လေးကတော့ သေးသေးသွယ်သွယ်လေးပေါ့ သူခန္ဓာကိုယ်နဲ့ အရပ်အမောင်းက လိုက်ဖက်တယ်လို့ပြောရမယ် ခန္ဓာကိုယ်ကောက်ကြောင်းဆိုရင် မြင်သူတကာ ငေးလောက်အောင်ပါ တင်ဆိုတင် ရင်ဆိုရင် ။။ ၀တ်စားပုံကတော့ ခေတ်နဲ့လိုက်စားနေတာ အတိုတွေတော့ သူအသည်းစွဲပဲ အသားကဖြူတော့လေ သူများဝတ်နိုင်တာပေါ့ ဆံပင်တွေကိုတော့ ကျောင်းတက်ချိန်က တင်ထိရှည်အောင်ထားတာ ကျောင်းလည်းပြီးရော အတိုကိုညှပ်လိုက်တာ အခုဆို အတိုမှအတိုပါရှင် ဒါနဲ့ပဲ သူ့ကိုတချို့က ကတုံးမဆိုပြီးခေါ်ကြတယ် ဒါကိုသူဂရုမစိုက်ဘူး ခေါ်ချင်တာခေါ် ချစ်စနိုးနဲ့ခေါ်တာဆိုပြီး ခွေးလွှတ် ..ဟဲ ဟဲ ခွင့်လွှတ်တယ်။ အစားတော့ ကြီးသလားမပြောနဲ့ အမြဲအပြင်မှာ သွားစားတယ်ဆိုရင် သူကပဲ လက်ကျန်တွေ ရှင်းတတ်တယ် သူ့ရဲ့အကြောင်းပြချက်တော့ရှိတယ် ဒီလက်ကျန်လေးကို နောက်ဆုံးရှင်းတဲ့သူဟာ ဘဲချောချောရတတ်တယ်ဆိုပြီး တိုင်ခံရှင်းနေတာ အားလုံးကလည်း ယုံလိုက်ရတယ် သူ့မှာကဘဲ မရသေးဘူးလေ ( စိတ်ထဲမှာတော့ သူအစားကြီးတာပါလို့ပဲ အားလုံးက ထင်ကြတာ ) ဒီလိုနဲ့မကြာဘူး သူဘဲရသွားတယ် အောင်မလေးအော်လိုက်ရအောင်ကို မထင်စရာ အရမ်းကိုချောတာ ကိုးရီးယားမင်းသားလိုလို ဟိ ဟိ..။ သူနေတဲ့ အခန်းလေးထဲမှာ သူမနေဖြစ်တာများတယ် သူ့အိမ်စောင့်နတ်ကတောင် သူ့ကိုမှတ်မိပါ့မလား ဆိုးရိမ်ရတယ် တချိန်လုံး လမ်းတလားနေတာ ဟိုအိမ်ရောက် ဒီအိမ်ရောက်နဲ့ သူ့ကိုလာစေချင်တယ်ဆိုရင် အစာနဲ့တာမျှားခေါ်လိုက် ချက်ချင်းရောက်လာတော့တာပဲ ဟိ ဟိ သူ့ကိုငါးလို့ ပြောပါဘူးနော်။ သူအိမ်မှာကပ်နေတဲ့အချိန်ဆိုရင် သူပုလင်းထောင်တဲ့အချိန်ပဲ သူအရက်သောက်တတ်လို့ အဆိုးမမြင်ကြပါနဲ့ သူနေတဲ့ဒေသက အရမ်းကိုအေးတာ အအေးဒဏ်ကိုခံနိုင်အောင် ငယ်ငယ်လေးကတည်းက သောက်တတ်တာ မြို့ပေါ်ရောက်တော့ တခါတလေ သူငယ်ချင်းနဲ့ဝိုင်းကောင်းတတ်တယ်လေ သူဟာသူ အိမ်မှာပုလင်းထောင်ရတဲ့အကြောင်းကတော့ ထွက်ပေါက်မရှိတဲ့ အချိန်မျိုးပေါ့ တစ်ချိန်ကဖြစ်ခဲ့တာလေးကို ပြောပြချင်တယ် ကျမနဲ့သူ အတူနေချိန်ကပေါ့ တစ်ညမှာ ကျမအလုပ်ရှိတာနဲ့ အိမ်ပြန်မအိပ်ဖြစ်ဘူး အဲဒီညကသူသောက်တာ မဲခေါင်တစ်ပြား (ဟိုအချိန်က ဒါလေးပဲတတ်နိုင်တာလေ အခုဆိုရင် ဂျော်ရွှေလမ်းလျှောက် မှသောက်တာရှင့်) ကို နှစ်ခွက်စာပဲ မော့လိုက်တာ ဘာမှလည်းမရော ပြီးတော့ စာအုပ်လေးကောက်ဖတ်တာတဲ့ နောက်ပိုင်းဘာဆက်ဖြစ်လဲ ဆိုတာကိုတော့ သူမသိတော့ဘူး မိုးလင်းမှ သူ့အိပ်ရာဘေးမှာ ဟိုဘက် ဒီဘက် ဆန်ပြုတ်နဲ့ အပက်ခံထားရသလိုဖြစ်နေတာ မနက်မိုးလင်းတော့ အကောင်းကြီးပဲ သူများလို အရက်နာကျတွေလည်းမဖြစ်ဘူး အဲဒါနဲ့ အိပ်ရာခင်းတွေလျှော်ဖွတ်ပြီး အလှပြင် အလုပ်သွားတယ် ကျမပြန်လာချိန်မှာ ကျမဘာမှတောင်မသိလိုက်ဘူး အကုန်သူရှင်းထားလိုက်တယ်လေ နောက်ပိုင်းသူ ပြန်ပြောမှ သိရတာ တော်တော်ဆိုးတဲ့ မိန်းကလေး အခုတော့ သူအခန်းဝယ်ပြီး တစ်ယောက်တည်းပြောင်းနေတာ လောလောဆယ်မှာတော့ ဘယ်သူနဲ့မှလည်းမတွဲဘူး ဟိုဘဲနဲ့လည်း သူကမကြိုက်တော့လို့ ဆိုပြီးလမ်းခွဲလိုက်တာ သူကလှတော့ လိုချင်တယ်ဆိုရင် ခေါင်းခေါက်ယူလို့ရတယ်လေ …. ဒီလိုပဲ ပျော်တယ်လို့ သူကပြောတယ် ဟုတ်ကြောင်းမဟုတ်ကြောင်း ….

ဒီမှာ တစ်ခန်းရပ်လိုက်ပါအုံးမယ် နောင်များအချိန်ရရင် သူ့ရဲ့ ဟာသဉာဏ်များပုံလေးတွေကို ဆက်လက်ဖော်ပြပါအုံးမယ်။