Showing posts with label ဘူဘူးလေး. Show all posts
Showing posts with label ဘူဘူးလေး. Show all posts

Tuesday, February 5, 2008

Call me BuBu:


ကျွန်တော်နာမည် ကဲကဲ လေးလို့ ခေါ်ပါတယ်။ အိမ်မှာတော့ ချစ်စနိုးနဲ့ ဘူဘူး လို့ခေါ်ကြတယ်။
အိမ်မှာဆို ကျွန်တော်ကဗိုလ်ပဲ ။
စားချင်တာစား ကိုက်ချင်တာကိုက်
ဖိနပ်ဆိုရင် ဘယ်နရံ ရှိပြီလဲ မသိတော့ဘူး
အိမ်လာလည်တဲ့ ဧည့်သည် ဖိနပ်လည်း ကိုက်တယ်
ဒါကလည်း ကျွန်တော် ၀ါသာနာပဲလေ။
လူတွေကို အရမ်းခင်တာ အထူးသဖြင့် ကောင်မလေးတွေကို
ဟား ဟား ဟား
ကျွန်တော် အစွမ်းအစကတော့ အိမ်လာသမျှ ကောင်မလေးတွေကို ရအောင်နမ်းတာဗျ။
ကောင်မလေးတွေကလည်း အနမ်းခံတာပဲ
ကျွန်တော်က လူချောလေးဆိုတော့
ဒါတောင် ကျွန်တော်က အသက် ခုနှစ်လသားပဲ ရှိသေးတာ
ကြီးလာရင်တော့ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည် မှာလားပဲ
စိတ်ညစ်လိုက်တာ....။


ကဲကဲလေးရဲ့ ရင်တွင်းဖြစ် စကားလုံးလေးများနှင့် ...................။



Tuesday, January 8, 2008

My dog name Ke' Ke'



ခွေးလေးက အခုဆို ၆လသားပေါ့။ နာမည်က ကဲကဲတဲ့ အိမ်မှာတော့ အဘူး လို့ခေါ်ကြတယ်။ အလွန်တရာမှ လူခင်တာ ။ အိမ်မှာဆိုရင် အရမ်းကိုဆိုးတယ်။ ထမင်းစားရင် ခွံ့ကျွေးမှစားတယ်။