Showing posts with label Lovely. Show all posts
Showing posts with label Lovely. Show all posts

Sunday, March 2, 2008

Ha Ha Ha


ဒီပုံလေးလား အရမ်းသဘောကျလို့ပါရှင် ဘယ်မြို့ဘယ်နိုင်ငံလည်းဆိုတာတော့ အသိအကျမသိပါဘူး။ မြို့ကြီးတစ်မြို့မှာ ကျင်းပတဲ့ ကားပြပွဲကို တက်ရောက်လာတဲ့ မိသားစုကလေးထဲက ရုတ်တရက်ဆိုသလို ကလေးက ရူးပေါက်ချင်တယ်ဆိုတော့ ဘယ်လိုလုပ်ရမသိဘဲ အအေးပုလင်းထဲ ပေါက်ခိုင်းရတယ်။ ကလေးတွေက ပေါက်ချင်ပြီဆိုရင် လူကြီးလိုလည်း အောင့်ထားရမှန်းမသိတော့ ဘယ်နေရာမဆို ပေါက်ချင်ပြီဆိုရင် ပေါက်တော့တာပဲ။ တော်သေးတာပေါ့နော် ယောက်ျားကလေးဖြစ်လို့ သို့မဟုတ်ဆိုရင် ဒုက္ခပါပဲ .. ကားနားရပ်နေတဲ့ မော်ဒယ်မလေးတွေတောင် ကလေးကို ကြည့်ပြီး ရယ်နေကြတယ်။ ကလေးမျက်နှာကလည်း သဘောကျနေပုံပါပဲနော်။ ဟိ ဟိ သင်ဒီပုံလေးကိုကြည့်ပြီး သင့်မျက်နှာမှာ အပြုံးပန်းတစ်ပွင့်တော့ ပွင့်နေပြီ မဟုတ်လား။ :)