Showing posts with label ရင်တွင်းဖြစ်. Show all posts
Showing posts with label ရင်တွင်းဖြစ်. Show all posts

Thursday, January 31, 2008

သွားချင်တယ်..ခေါ်မှာလား

ကနေဒါမှာ သူငယ်ချင်းတစ်ယောက်နေထိုင်နေတယ်လေ။ သူကသဘောကောင်းပြီး အမြဲအားပေးတတ်တဲ့ သူပါ။ သူဟိုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေပါတယ်။ သူ့ဆီကိုတော့ အလည်တစ်ခေါက်လောက် သွားချင်ပါရဲ့။ သူလေးလည်း အမြဲ ဖိတ်ခေါ်နေပါတယ်။


ဖြစ်နိုင်ရင်တော့ ဒီပါရီမြို့လေးမှာ ဟန်နီးမွန်းသွားချင်တယ်..ဟိ ဟိ.. အခုထိ စိတ်ကူးရင်ပါပဲ။ ကိုယ့်ကို တကယ်မြတ်နိုးတဲ့ သူမှမရှိတာ။ လက်ထပ်ဖို့ဆိုတာ ဝေးရောပေါ့။ အင်းအပျိုကြီးပဲ ဖြစ်တော့မယ်လား မသိဘူး ပါရီလေးရယ်။



ဟော်လန်မှာ အလွန်တရာ ရင်းနှီးတဲ့ မိသားစု တစ်စုရှိတယ်။ သူတို့တော့ အမြဲတမ်းလာလည်ပါလို့ အဖေကိုလှန်းဖုန်းဆက်တယ်။ ဘယ်လိုမှ မသွားနိုင်ဘူးလေ။ လမ်းခရီးကလည်းဝေး။ သွားတော့ အရမ်းသွားချင်တယ်။ ဒီလို အေးဆေးတဲ့ နိုင်ငံလေးမှာတော့ နေချင်တယ်။



အမေရိကားမှာ ငယ်သူငယ်ချင်းတွေရောက်နေကြတယ်။ အဆင်ပြေတာရော အဆင်မပြေတာရောပဲ။ အလုပ်လုပ်ဖို့တော့ မသွားချင်ဘူး။ အလည် လောက်တာရောက်ချင်တယ်။ သူငယ်ချင်းတွေတော့ ခေါ်တယ် လာခဲ့ စိတ်မပူနဲ့ တာဝန်ယူတယ်တဲ့။ ဒီမှာ ဗီဆာကလွယ်တာကိုး မပြောလိုက်ချင်ဘူး။



ၾသစေတ်းလ် ကိုလည်းသွားလည်ချင်တယ်။ ဆယ်တန်းအောင်တော့ သူငယ်ချင်းတွေ ကျောင်းဟိုမှာ ဆက်တက်ကြတယ်။ ကိုယ်ကလည်း သွားချင်လိုက်တာ တစ်ပိုင်းတောင်သေနေပြီ။ အဖေက လွှတ်ပေမယ့် အမေက မလွှတ်ဘူး။ ငယ်တယ်ဆိုပြီးတော့ နောက်ဆုံး ဒီအနီးအနားပဲ ရောက်ခဲ့တယ်ပေါ့။


ဒီနေရာလေးကိုတော့ အိန္ဒိယရောက်ရင် သွားကိုသွားမယ်ဆိုတဲ့ နေရာလေးပါပဲ။ ဒီအိမ်မက်လေးက မဝေးပါဘူး။ သွားချင်သောအချိန် သွားလို့ရတယ်လေ။ ဗုဒ္ဓဂါယာ ခရီးသွားရင်း ၀င်လို့ရတယ်။ ဒီခရီးကို အမေနဲ့သွားမယ်လို့ စိတ်ကူးထားတယ်။ အမေက မအားမသွားနိုင်သေးလို့ အမေသွားချင်သော အချိန်ကို စောင့်နေရင်းပေါ့။


အီဂျစ်ကို အရမ်းသွားလည် ချင်တယ်။ ငယ်ငယ်လေး ကတည်းက ရုပ်ရှင်တွေကြည့်ပြီး စိတ်တွေလည်း ကူးခဲ့ပါသေးတယ်။ ဘယ်အချိန်မှ ရောက်တော့မှာလဲ မသိတော့ဘူး။ အခုအတောအတွင်း တိုးတွေလည်း မ၀င်တော့ အလုပ်မရှိဘူးဖြစ်နေတယ်လေ။ တိုးများ နှစ်စဉ်လို ပုံမှန်ဆိုရင်တော့ ဗိုက်ဆံလေးဆုပြီး သွားမယ်လို့တောင် ဆုံးဖြတ်ပြီးသားပဲ။ အခုတော့ ဝေးပြီထင်တယ်။ ဘယ်အချိန်မှ နိုင်ငံခြားသားတွေ ပြန်ဝင်လာမှာလဲ ဆိုပြီးတမျှော်မျှော်နဲ့ လည်ပင်းတောင် ရှည်လာပြီကွာ။ ငါဘယ်လို ဆက်လုပ်ရမှာလဲ။ ဘာသွားလုပ်ရင် ကောင်းမှာလဲ။ စဉ်းစားရင်း ရှုးတော့မယ်။ လောလောဆယ်တော့ ကိုယ်အလည်တစ်ခေါက် ရောက်ချင်တဲ့ နေရာလေးတွေကို ဖော်ပြလိုက်အုံးမယ်။ ရောက်မရောက်တော့ ကံပေါ့။
ဒီမှာ ကံကိုပဲ အားကိုးရတော့မယ်။

Friday, January 25, 2008

ပြောလိုက်မယ်...

ဒီနှစ်မှာ ကြည်နှုးစရာလေးနဲ့ နှစ်သစ်လေးကို စခဲ့တယ်။ သူလေးကလည်း မ”ကို ပိုလို့ ဂရုစိုက်လာတယ်လေ။ သူဘယ်သွားသွား အမြဲပြောတယ်။ ဘာလုပ်လုပ် ပြောပြတယ်။ ဘယ်သူနဲ့ ဘယ်လို ဆိုတာကအစပေါ့။ သူ့ဆီက မကြားတာကြာခဲ့ပြီ ဖြစ်တဲ့စကားလုံးလေးတွေကိုလည်း နှစ်စမှာ သူပြောခဲ့တယ်။ သူပြောတော့ သူအသံလေးတွေကို ကြားရတာ အရမ်းကို ၀မ်းသာခဲ့တယ်လေ။ ဒါကိုသူသိမှာ မဟုတ်ဘူး။ မ”ဘယ်လောက်ထိ ပျော်လည်းဆိုတာ သူသိနေမှာ မဟုတ်ဘူး။ သူအလေးအနက် ထားပြီးပြောခဲ့လား၊ ဒါမှမဟုတ် ဒီလိုပဲ ပြောလိုက်တာလား၊ ဒါတွေမသေချာပေမယ့် သူ့ကို ကျေးဇူးပဲလို့ ပြောချင်တယ်။ ဒါကိုပြောမထွက်ဘူး ဘာကြောင့်လည်း၊ သူ့ရှေ့မှာ မ”တော့ တကယ်ကို ဘာမှမခံစားရသလို နေခဲ့တာ။ သူ့ကိုပြောလိုက်လို့ သူပျော်မယ်ဆို ပြောပြချင်တယ်... ဒါပေမယ့်လည်း ကြောက်တယ် သူလေးရယ်။ ဒါပေမယ့် ဒီမှာ ပြောလိုက်တော့မယ်နော် နှစ်သစ်ကူးတဲ့ညက ဖုန်းဆက်ပြီး ပြောခဲ့တဲ့ စကားလုံးလေးတွေအတွက် ကျေးဇူးနော်။ မ” အရမ်းကို ပျော်ခဲ့ပါတယ်။

Monday, January 21, 2008

အိပ်ရေးပျက်တယ်ကွာ

အောင်မလေး... ဒီမနက် အစောကြီးထရတယ်။ ခွေးလေးကလာနိုးတယ်လေ ညကမအိပ်ရဘူး ခြင်တွေကို သွေးလှူနေလို့ .. ပုံမှန်ဆိုရင် မနက် ရ နာရီလောက်မှာ ထတယ်။ အခုတော့ ၆ နာရီ တစ်နာရီစော တာဘာမှမသိသာပေမယ့် ညလည်းမအိပ်ရတော့ ပိုဆိုးတာပေါ့..

ညမအိပ်ရရင် လူကမလန်းဘူး။ ညကောင်းကောင်းအိပ်ပျော်ရင် ၄ နာရီလောက်ပဲ အိပ်ရရင်လည်း လုံလောက်တယ်။ လူတစ်ယောက်ဟာ အိပ်ရေးပျက်ပေါင်းများလာရင် စိတ်ဓါတ်လည်းကျလာတတ်တယ် စိတ်ဓါတ်ကျလာတဲ့အတူ အလုပ်လည်းအဆင်မပြေ အချစ်ရေးအဆင်မပြေ အရာအားလုံးဟာ ကိုယ့်အတွက် ပြောင်းပြန်တွေဖြစ်နေတတ်တယ်..

ဘယ်လိုလုပ်ပြီး ကောင်းကောင်းအိပ်နိုင်အောင်အိပ်နိုင်မှာလဲ...


Monday, January 14, 2008

ရက်တစ်ရက်

ငါကို ချစ်တယ်လို့ ပြောမယ်သူမရှိတော့ဘူး
သူ့ကို ငါမချစ်နိုင်တော့ပါလား
ဘယ်သူ့ကိုမှ ငါလက်မခံနိုင်တဲ့အခါ
ငါ့ကိုငါ ပြန်ချစ်ရမယ့် အချိန်ရောက်လို့လာနေပြီ

@m