Friday, February 29, 2008
The World's Most Expensive Bottle
Posted by monemone at 2:02 PM 0 comments
Labels: Waw
Tigress and her 5 "cubs"
Posted by monemone at 1:19 PM 0 comments
Labels: Amazing
TheSize Of Our World
source rense.com
Posted by monemone at 12:32 PM 0 comments
Labels: ဗဟုသုတ
False or not ? Story of Leonardo DiCaprio become a father?
Leonardo Di Caprio and his girl friend Bar Rafaeli on the News
Bar Rafaeli pregnant ...as girl friend of Leonardo ,Rafaeli is one of the #1 model Israeli .
The 'Titanic' star proposed to Bar only after getting the consent of her parents, and for doing so the two toured Israel earlier this month to meet them, and meanwhile also visited The Wailing Wall, the holiest site in Judaism"The reason they made the trip to Israel is that Leo wanted to get Bar's parents' approval before he popped the question. Now they are busy making wedding plans," Contactmusic quoted a source as telling the National Enquirer.Earlier, a source close to DiCaprio denied rumors, that the Titanic star will exchange vows with his girlfriend saying that "just because you see the parents doesn't mean there is an engagement."Meanwhile, it has been claimed that DiCaprio's film career is also on the up, with the actor reportedly in early talks to star in a new movie about an ex-journalist turned CIA agent sent to the Middle East to help hunt down an al-Qaida leader planning attacks against the US.In other news, Leo is reportedly in negotiations to take on the challenging role of an American soldier in Vietnam in David Rabe’s play, The Basic Training of Pavlo Hummel reports Star Magazine. His rep is currently denying it, but one thing’s for sure – Leo’s first Broadway venture would be a sold-out act.
Leoဟာ မ} နှစ်သက်သော အားပေးနေသော မင်းသားလေး ဖြစ်လို့ အမြဲလိုလို သူ၏သတင်းကို ရှာဖတ်နေပါတယ်။ ခုလည်း ကလေးရတော့မယ့် သတင်းဟာ ကောင်းသောသတင်းလေးပါ။
Posted by monemone at 12:01 PM 1 comments
Labels: Gossip
Thursday, February 28, 2008
Coffe
ကော်ဖီ သောက်ခြင်း
Posted by monemone at 5:55 PM 0 comments
Labels: သင်ဘယ်လိုလူစားလဲ
Wednesday, February 27, 2008
Food For Love
Posted by monemone at 9:55 PM 0 comments
Labels: ဗဟုသုတ
Friday, February 22, 2008
ဂဲန်ဂျစ်ခန်၏ သားစဉ်မြေးဆက်
ဂဲန်ဂျစ်ခန် မသေမီမှာ သူ၏တတိယသား အောဂဒဲကို သူ့ရာထူးဆက်ခံပါစေလို့ တောင်းဆိုတယ်။ အဲဒါလဲ အင်မတန်မှန်တဲ့ ရွေးကောက်ချက်ဖြစ်တယ်။ အောဂဒဲဟာ သူ့ပုံစံနဲ့ သူစွမ်းတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ပါတယ်။ သူခေါင်းဆောင်ပြီး မောင်ဂိုတပ်တွေဟာ တရုတ်မှာလဲ ဆက်တိုက်တယ်။ ရုရှအားလုံးကိုလည်း ချေမှုန်းတယ်။ ပြီးတော့ ဥရောပနိုင်ငံကိုလဲ ထိုးဝင်တယ်။ မောင်ဂိုတပ်တွေဟာ ၁၂၄၁ မှာ ပေါလစ်ဂျာမန်နဲ့ ဟန်ဂေရိယတပ်တွေကို လုံးဝချေမှုန်းပြီး ဗုဒဖက်စ်ကိုကျော်ပြီး ရောက်လာကြတယ်။ ဒါပေမယ့် အဲဒီနှစ်မှာပဲ အောဂဒဲသေဆုံးပြီး မောက်ဂိုတပ်တွေဟာ ဥရောပက ဆုတ်ခွာသွားတယ်။ နောင်ဘယ်တော့မှ ပြန်မလာတော့ပါ။
Posted by monemone at 3:08 PM 0 comments
Labels: ဗဟုသုတ
Wednesday, February 20, 2008
GENGHIS KHAN
သူ့တက်လမ်းဟာ အကျဉ်းသားဘ၀က ထွက်ပြေးလွတ်မြောက်ခြင်းက စတယ်။ အနီးအနားမှာနေတဲ့ ဖခင်ရဲ့မိတ်ဆွေ ၊ သွေးသားတော်စပ်တဲ့ အကြီးအကဲ တော့ဂရီလ်ဆီမှာ ခိုလှုံရင်း မောင်ဂိုမျိုးတူစုတွေ မပြတ်အောင်သတ်ကြ ၊ ဖြတ်ကြတဲ့အထဲက တေမုဂျိန်ဟာ တဖြည်းဖြည်း ထိပ်ကိုတိုက်ခိုက်ရင်း ရောက်လာပါတယ်။
မောင်ဂိုမျိုးတူစုတွေဟာ အင်မတန်မြင်းစီးတော်ပြီး ထိတ်လန့်ကြောက်ရွံ့စရာ စစ်သူရဲတွေဖြစ်တယ်။ သမိုင်းတလျှောက်မှာ သူတို့က တရုတ်မြောက်ပိုင်းကို ရုတ်တရက်မကြာခဏ ၀င်ရောက်လုယက် ဖျက်ဆီးတတ်တယ်။ ဒါပေမယ့် တေမုဂျိန် ဘုန်းတန်ခိုး မကြီးထွားမီက မျိုးတူစုအချင်းချင်း တိုက်ခိုက်နေကြတာနဲ့ မောပန်း အင်အားယုတ်လျော့နေပါတယ်။ စစ်အားသာခြင်း အသာတကြည် ပြောဟောဖျောင်းဖျခြင်း ရက်စက်စရာရှိရင် မညှာမတာ ရက်စက်ခြင်း ၊ စည်းရုံးနိုင်စွမ်းရှိခြင်းတွေကြောင့် တေမုဂျိန်က မျိုးတူစုအားလုံးကို သူ့လက်အောက်မှာ စုစည်းမိအောင်လုပ်တယ်။ ၁၂၆၀ ပြည့်မှာ မောင်ဂို အကြီးအကဲတွေ အားလုံးက သူ့ကို စကြ၀ဠာဧကရာဇ် အဓိပ္ပါယ်ရတဲ့ ဂဲန်ဂျစ်ခန်အဖြစ် ရွေးကောက်တင်မြှောက်ကြပါသည်။
ဂဲန်ဂျစ်ခန်စုစည်းထားသော သိပ်ကြီးမားတဲ့ စစ်ယန္တရားကြီးနဲ့ အနီးအနားနိုင်ငံတွေကို တိုက်ခိုက်ရေးစပါတော့တယ်။ အနောက်မြောက်တရုတ် ၊ ရုရှနိုင်ငံနဲ့ အနောက်တရုတ် ချင်ဧကရာဇ်နိုင်ငံတွေကို စတင်တိုက်ခိုက်တယ်။ ဒီလိုတိုက်ခိုက်ဆဲမှာပဲ ပါရှနဲ့ ဗဟိုအာရှမှာ အတော်ကျယ်ပြန့်တဲ့ နိုင်ငံတော်ပိုင်ရှင် ခွာရက်စံရှား မုဟမစ်နဲ့ အငြင်းခုံဖြစ်ကြတယ်။ ဂဲန်ဂျစ်ခန်က ခွာရက်စံရှားကို သွားရောက်တိုက်ခိုက်တယ်။ ဗဟိုအာရှနဲ့ ပါရှကိုချေမှုန်းပြီး ခွာရက်စံရှားရဲ့ လက်နက်နိုင်ငံကို အပြီးတိုင် ဖျက်ဆီးပစ်လိုက်ပါသည်။ မောင်ဂိုစစ်သည်တွေ ရုရှကို တိုက်ခိုက်ဆဲ ဂဲန်ဂျစ်ခန်ကိုယ်တိုင် အာဖဂန်နီစတန်နဲ့ မြောက်အိန္ဒိယကို ၀င်ရောက် လုယက်တိုက်ခိုက်သည်။ မောင်ဂိုလျကို ၁၂၂၅ ခုမှာ ပြန်ရောက်လာပြီး ၁၂၂၇ မှာ ကွယ်လွန်ခဲ့ပါတယ်။
မ} အလွန်သဘောကျသော နိုင်ငံခြားစစ်သူရဲကောင်းကြီးတစ်ယောက်ဖြစ်၍ သူ၏အကြောင်းအရာ ကိုဖော်ပြချင်ခဲ့သောကြောင့် ယခုလိုဒေါက်တာသန်းထွန်း၏ ကျော်စွာ ၁၀၀ ဒုတိယတွဲ စာအုပ်မှ ကူးယူဖော်ပြလိုက်ပါသည်။ သူ၏သားများအကြောင်းကို ဆက်လက်ရေးပါအုံးမည်။
Posted by monemone at 4:59 PM 0 comments
Labels: ဗဟုသုတ
Monday, February 18, 2008
ဒီမိန်းမကို ကွာမှပဲဖြစ်မယ်
တစ်နေ့တွင် ဆိတ်ကျောင်းသား နားထိုင်းသူသည် သူ့ဆိတ်အုပ် ပျောက်သွားသဖြင့် လိုက်လံရှာဖွေရာ ထန်းတောတစ်တောသို့ ရောက်သွားလေသည်။ အနီးအနား မေးစရာလူရှာသောအခါ ထန်းပင်ထက်တွင် ထန်းတက်နေသော သူ့လိုနားထိုင်းသည့် လူတစယောက်ကို တွေ့လေ၏။ ဆိတ်ကျောင်းသမားက ထန်းပင်ပေါ် မော့ကြည့်၍ ...
"အိုဗျ ထန်းပင်ပေါ်က မိတ်ဆွေ ၊ ကျုပ် ဆိတ်အုပ်ပျောက်နေလို့ ဒီဘက်သွားတာများ မတွေ့ဘူးလား" ဟု မေး၏။ ထိုအခါ ထန်းပင်ထက်က လူက ...
"ဟိုရှေ့ရောက်လျှင် ကျုပ်ယောက္ခမ ထန်းတောချည်းပဲဗျ" ဟု ရှေ့သို့ လက်ညိုးထိုးပြပြီး ပြနပြောလိုက်သည်။
"အေးဗျာ ကျုပ်ဆိတ်အုပ် ပြန်တွေ့လျှင် ဆိတ်ကျိုးလေးတစ်ကောင်တော့ ခင်ဗျားကို ပေးပါ့မယ်" ဟု ပြောကာ ထန်းသမား လက်ညိုးညွှန်ရာဘက်သို့သွားကာ လိုက်ရှာလေ၏။
ကံအားလျော်စွာ ဆိတ်အုပ်ကိုပြန်တွေ့သဖြင့် ၀မ်းသာအားရ ထန်းသမားထံ ပြန်လာပြီး ဆိတ်ကျိုးကလေး တစ်ကောင်ကို ထန်းသမားတက်နေသည့် အပင်ခြေရင်းတွင် ချည်ပေးလိုက်သည်။ ဤတွင် အပင်ပေါ်မှ လူက ...
"ဟေ့လူ ခင်ဗျားဆိတ် ကျုပ်မခိုးဘူးဗျ၊ ကျုပ်ကို အမှုပတ်အောင် မလုပ်နဲ့" ဟု အော်ပြောလေ၏။
"အစကတည်းက ကျုပ်က ဆိတ်ကျိုးကလေးပေးမယ်လို့ ပြောတာ ဆိတ်ကောင်းပေးမယ်လို့မှ မဆိုပဲဗျ" ဟု ဆိတ်ကျောင်းသူက ပြန်ပြော၏။
"ခင်ဗျား ဒီလိုမလုပ်နဲ့ဗျ ၊ ကျုပ်ကိုအမှုပတ်အောင် အကွက်ဆင်လို့ ဘာရမလဲ"
"ကျုပ်ကတိ ပျက်တာမဟုတ်ဘူးဗျ ၊ ဆိတ်ကျိုးကလေးပေးမယ်လို့ ပြောထားတာဗျ" ။
ထန်းသမားလည်း ထန်းပင်ပေါ်က ဆင်းလာပြီး နှစယောက်သား ကိုယ်ထင်ရာစွပ်၍ ငြင်းခုံနေစဉ် ဆားထမ်း၍ လည်းရောင်းသော လူတစ်ယောက် ရောက်လာလေသည်။ ငြင်းခုံနေကြသူ နှစ်ယောက်ကလည်း ဘေးလူ ရောက်သည်ဆိုလျှင်ပင် အကျိုးအကြောင်း ပြောပြကြလေ၏။
"ဒီလူက သူ့ဆိတ်ကို ကျုပ်ခိုးတယ်ဖြစ်အောင် ကျုပ်အပင်ခြေရင်းမှာ သူ့ဆိတ်ကို လာချည်တယ်ဗျ" ။
"ကျုပ်က နဂိုကတည်းက ဆိတ်အကျိုးကလေးတစ်ကောင်ပေးမယ်ပြောတာ သူက ဆိတ်အကောင်းပေးရမယ် လုပ်နေတယ်ဗျ" ။
ထိုအခါ ဆားများထမ်းလာသူက "ကဲ ခင်ဗျားတို့ ဘာပဲပြောပြော ကျုပ် ဆားရှုံးနေတယ် ၊ တစ်ယောက်တစ်ဆုပ်ပဲ ပေးနိုင်မယ်" ဟု ပြောပြီး ဆားတစ်ဆုပ်စီ ပေးလေ၏။
ဤတွင် ငြင်းခုံမှုတွင် တစ်ယောက်တိုးလာပြီး ပို၍ ရှုပ်လာလေတော့သည်။ သို့နှင့် နောက်ဆုံးတွင် သုံးယောက်သား မရှင်းနိုင်ကြတော့ဘဲ သူကြီးဆီ လာခဲ့ကြလေ၏။ ၎င်းတို့ရောက်သောအချိန်တွင် သူကြီးသည် သူ့မိန်းမနှင့် စိတ်ဆိုးနေလေသည်။ အငြင်းပွားနေသူ သုံးယောက်လည်း သူကြီးစီ ရောက်လျှင်ရောက်ချင်း ၎င်းတို့၏ ပြဿနာကို ရှင်းပေးရန် ပြောကြလေသည်။
"သူကြီးမင်း သူ့ဆိတ်ကို ကျုပ်မခိုးရဘဲ ခိုးတယ်ဖြစ်အောင် သူက ကျုပ်ထန်းပင်ရင်းမှာ ဆိတ်တစ်ကောင် လာချည်ပါတယ်"
"မဟုတ်ဘူး သူကြီးမင်း မဟုတ်ဘူး၊ ကျုပ်က အစကတည်းက ဆိတ်ကျိုးကလေး ပေးပါ့မယ်လို့ ပြောထားတာပါ"
"ကျုပ်ကလည်း ရှုံးနေတော့ ဘယ်များများ ပေးနိုင်ပါ့မလဲ ၊ တစ်ဆုပ်စီသာပေးပါ့မယ်" ။
ဤတွင် စိတ်ဆိုးနေသော သူကြီးက "ခင်ဗျားတို့ ဘာပဲ ပြောပြော ကျုပ်တော့ ဒီမိန်းမကို ကွာမှပဲ ဖြစ်မယ်" ဟု ပြောလိုက်လေသတည်း။
Posted by monemone at 8:36 PM 2 comments
Labels: ကျေးလက်ပုံပြင်
ငါသာ မယားကြောက်ရသည်မဟုတ်
ဖခင်ဖြစ်သူက အဖြေပေးသည်မှာ "ငါ့သား ငါတို့ပိုင်သော နွားတစ်အုပ်နှင့် မြင်းတစ်အုပ်ကိုသာ ယူသွားပြီး ရွာစဉ်လျှောက် တစ်အိမ်ဝင် တစ်အိမ်ထွက် အိမ်စေ့အောင်သာ မေးပါ။
"မယားကြောက်ရသည့် ယောက်ျားကို တွေ့လျှင် နွားတစ်ကောင်ကျစီပေးခဲ့။မယားကို မကြောက်ရသည့် ယောက်ျားကို တွေ့လျှင် မြင်းတစ်ကောင်စီပေးခဲ့။ မင်းပြန်ရောက်လျှင် သိလိမ့်မည်" ဟု ဆိုကာ သားကို လွှတ်လိုက်သည်။
သားဖြစ်သူသည် အိမ်စဉ်အတိုင်းမေးလျှင် မယားကြောက်ရသော ယောက်ျားများကိုသာ တွေ့ရသဖြင့် နွားအုပ်ထဲမှ တစ်ယောက်တစ်ကောင်စီ ပေးခဲ့ရာ နွားအုပ်တစ်အုပ်လုံး ကုန်သွားတော့၏။
နောက်ဆုံးရွာမှ အိမ်တစ်အိမ်သို့ ရောက်လေရာ အိမ်ရှင်ယောက်ျားက သူ၏ဇနီးအား "ဟဲ့ ရှင်မ ဧည့်သည်ကို ကွမ်းဆေးလက်ဖက် တည်ပါ" စသည်ဖြင့် ဧည့်ဝတ်များ ကျေပွန်စွာပြုရန် ခိုင်းစေသည်ကို တွေ့ရသဖြင့် ဤယောက်ျားသည် မယားကိုနိုင်သူဖြစ်လိမ့်မည်ဟု ယူဆသဖြင့် သူ၏မြင်းအုပ်ထဲမှ ကြိုက်သော မြင်းတစ်ကောင်ကို ယူပါဟု ပြောပြီး ပေးခဲ့လေ၏။ အိမ်ရှင်ယောက်ျားလည်း အလွန်လှသော အုန်းခွံရောင် မြင်းတစ်ကောင်ကို ရွေးယူထားလိုက်လေ၏။
သားဖြစ်သူသည် ကျန်သောမြင်းများနှင့် အိမ်ပြန်ခဲ့ရာ ရွာတံခါးဝအရောက်တွင် အိမ်ရှင်ယောက်ျားသည် မြင်းကိုဆွဲလျက် အလျင်အမြန် လိုက်လာသည်ကို တွေ့ရ၍ စောင့်ပြီး အကြောင်းခြင်းရာကို မေးလိုက်သောအခါ- "ကျွန်တော့်မိန်းမက ဒီမြင်းကို မကြိုက်၍ ခင်ဗျား၏ မြင်းအုပ်ထဲမှ သူကြိုက်သော မြင်းဖြူကြီးနှင့် အလဲခိုင်းလိုက်သဖြင့် လာရပါသည်" ဟု ပြန်ပြောလေသတည်း။
Posted by monemone at 7:59 PM 0 comments
Labels: ကျေးလက်ပုံပြင်
Old Age, I decided, is a gift.
I would never trade my amazing friends, my wonderful life, my loving family for less gray hair or a flatter belly. As I've aged, I've become more kind to myself, and less critical of myself. I've become my own friend. I don't chide myself for eating that extra cookie, or for not making my bed, or for buying that silly cement gecko that I didn' t need, but looks so avante garde on my patio. I am entitled to a treat, to be messy, to be extravagant. I have seen too many dear friends leave this world too soon; before they understood the great freedom that comes with aging. Whose business is it if I choose to read or play on the computer until 4 AM and sleep until noon?
I will dance with myself to those wonderful tunes of the 60&70's, and if I, at the same time, wish to weep over a lost love .. I will.
I will walk the beach in a swim suit that is stretched over a bulging body, and will dive into the waves with abandon if I choose to, despite the pitying glances from the jet set. They, too, will get old.
I know I am sometimes forgetful. But there again, some of life is just as well forgotten. And I eventually remember the important things.
Sure, over the years my heart has been broken. How can your heart not break when you lose a loved one, or when a child suffers, or even when somebody's beloved pet gets hit by a car? But broken hearts are what give us strength and understanding and compassion. A heart never broken is pristine and sterile and will never know the joy of being imperfect.
I am so blessed to have lived long enough to have my hair turning gray, and to have my youthful laughs be forever etched into deep grooves on my face. So many have never laughed, and so many have died before their hair could turn silver.
As you get older, it is easier to be positive. You care less about what other people think. I don't question myself anymore. I've even earned the right to be wrong.
So, to answer your question, I like being old. It has set me free. I like the person I have become. I am not going to live forever, but while I am still here, I will not waste time lamenting what could have been, or worrying about what will be. And I shall eat dessert every single day. (If I feel like it)
သူငယ်ချင်း Helen ဆီက ပို့ပေးလိုက်တာပါ။ သူကတော့ အရမ်းကို သဘောကောင်းပြီး သူငယ်ချင်းတွေကိုလည်း သံယောဇဉ်ကြီးပါတယ်။ အမြဲလိုလို သူငယ်ချင်းတွေကို သူကဆုံးမစကားလေးပြောဆိုတတ်ပါတယ်။ သူရဲ့ဆုံးမတာကို လက်ခံမယ်ဆိုရင် အဲဒီလူတစ်ယောက်ဟာ ကံကောင်းလာနိုင်ပါတယ်။
Posted by monemone at 2:20 PM 0 comments
Labels: သူငယ်ချင်း
Tuesday, February 12, 2008
ဖိနပ် ၁
idea magazine No.79 February 2008 ထုတ်ထဲတွင် ညီလင်းဆက်၏ ' ကျွန်တော်နဲ့ အခြားသောအရာများ ' ကိုသဘောကျလို့ တစ်ချို့စာသားလေးကို ဖော်ပြလိုက်ပါတယ်။
Posted by monemone at 7:16 PM 1 comments
Labels: ညီလင်းဆက်
နယ်နိမိတ်
သတ်မှတ် တည်ဆောက်ထားလို့ မရနိုင်ဘူး။
အမှန်တော့ ..
တည်ရှိနေတဲ့ နယ်နိမိတ်တွေ အားလုံးကို
အချစ်ကကျော်ဖြတ်သွားတာပါပဲ။
အချစ်ဆိုတာ ... ကျယ်ပြန့်တယ်
အချစ်ဆိုတာ ... ကြီးထွားတယ်
အချစ်ဆိုတာ ... လွတ်လပ်တယ်
အချစ်ဆိုတာ ...
ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်
အမြဲတမ်း ... အမြဲတမ်း ...
မှန်ကန်နေတဲ့ အဖြေတစ်ခုပါပဲ။
ခုချိန်မှာ မင်းရရှိထားတဲ့
အချစ်ဟာ ...
မင်းလက်ထဲမှာ ရှိနေတာပါ။
မြတ်နိုးယုယပါ။
တန်ဖိုးထားပါ။
တွေ့ကြုံခံစားပါ။
ကောင်းသန့်၏ ဘာသာပြန် ... ။
Posted by monemone at 12:24 PM 0 comments
Labels: ကဗျာ
Friday, February 8, 2008
Tuesday, February 5, 2008
Call me BuBu:
ကျွန်တော်နာမည် ကဲကဲ လေးလို့ ခေါ်ပါတယ်။ အိမ်မှာတော့ ချစ်စနိုးနဲ့ ဘူဘူး လို့ခေါ်ကြတယ်။
အိမ်မှာဆို ကျွန်တော်ကဗိုလ်ပဲ ။
စားချင်တာစား ကိုက်ချင်တာကိုက်
ဖိနပ်ဆိုရင် ဘယ်နရံ ရှိပြီလဲ မသိတော့ဘူး
အိမ်လာလည်တဲ့ ဧည့်သည် ဖိနပ်လည်း ကိုက်တယ်
ဒါကလည်း ကျွန်တော် ၀ါသာနာပဲလေ။
လူတွေကို အရမ်းခင်တာ အထူးသဖြင့် ကောင်မလေးတွေကို
ဟား ဟား ဟား
ကျွန်တော် အစွမ်းအစကတော့ အိမ်လာသမျှ ကောင်မလေးတွေကို ရအောင်နမ်းတာဗျ။
ကောင်မလေးတွေကလည်း အနမ်းခံတာပဲ
ကျွန်တော်က လူချောလေးဆိုတော့
ဒါတောင် ကျွန်တော်က အသက် ခုနှစ်လသားပဲ ရှိသေးတာ
ကြီးလာရင်တော့ ကောင်မလေးတွေ ၀ိုင်းဝိုင်းလည် မှာလားပဲ
စိတ်ညစ်လိုက်တာ....။
Posted by monemone at 6:33 PM 0 comments
Labels: ဘူဘူးလေး
ချစ်သူ့ အိမ်မက်
တခါတလေ သူ၏အပြုံးကို မြင်ရတတ်သည်။
အိပ်နေရင်း သူ၏အပြုံးကို သဘောကျ၏
သူအိမ်မက် မက်နေသလား
သူ့အိမ်မက်ထဲ ဘယ်သူရောက်လို့နေလဲ
ငါဖြစ်နိုင်လား......
မေးခွန်းတစ်ခု ငါ့၏ရင်ထဲသို့ တိုးဝင်လာ
ငါ မဖြေနိုင်ပါ......
သူနိုးလာမည့် အချိန်ကို ထိုင်စောင့်ရင်း
သူ၏ မျက်နှာလေးကို ငေးကြည့်နေခဲ့တယ်
သူ့မျက်လုံး ဖွင့်လာတဲ့ အချိန်
ငါ၏အပြုံးနဲ့ နုတ်ဆက်ကာ
မေးခွန်း တစ်ခု မေးလိုက်မယ်
ခုဏ ဘယ်သူ့ကို အိမ်မက် မက်နေသလဲ..
Posted by monemone at 6:10 PM 0 comments
Labels: ကဗျာ
cOme, Be my lOve
ကိုယ်လမ်းလျှောက်နေတယ်။
ကိုယ့်မျက်ဝန်းအစုံမှာ
အလင်းနဲ့ ပြည့်ဝလို့၊ ကိုယ့်ခြေအစုံက
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ သန်စွမ်းလို့နေတယ်။
လူသားအားလုံးရဲ့
စစ်မှန်မှုထက် ပိုမိုတောက်ပပြီး ပိုမိုလှပတဲ့
အရိပ်တစ်ရိပ်နဲ့
ဘေးချင်းယှဉ်လျက် ကိုယ်လမ်းလျှောက်နေတယ်။
ပိုးသားလို နူးညံ့ပေမယ့်
သူရဲ့ ကိုယ်ပိုင်စိတ်အစွမ်းနဲ့
သန်မာနေတဲ့ လက်တစ်ဖက်ကို ကိုင်ရင်း
ကိုယ်လမ်းလျှောက်နေတယ်။
လက်ချောင်းလေးတွေက ညက်ပေမယ့်
အလေးအပင်တွေ မ ချီနိုင်ပြီး ကြီးမားတဲ့ လက်ပါ။
သံကြိုးတွေကို ဖြတ်တောက်နိုင်စွမ်းရှိတဲ့ လက်ပါ။
မကြာခဏဆိုသလို အရောင်တောက်ပတဲ့ မျက်ဝန်းအစုံနဲ့
ပြုံးနေတဲ့ နှုတ်ခမ်းအစုံကို ကြည့်ဖို့
ကိုယ့်ခေါင်းကို လှည့်မိတယ်။
ညွန့်ဝေမိုးရဲ့ ကိုယ့်အချစ် မင်းဖြစ်လှည့်ပါ ဘာသာပြန် ကဗျာစာအုပ်ထဲက ကဗျာဖြစ်ပါတယ်။
Posted by monemone at 2:00 PM 0 comments
Labels: ကဗျာ