Thursday, January 31, 2008

သွားချင်တယ်..ခေါ်မှာလား

ကနေဒါမှာ သူငယ်ချင်းတစ်ယောက်နေထိုင်နေတယ်လေ။ သူကသဘောကောင်းပြီး အမြဲအားပေးတတ်တဲ့ သူပါ။ သူဟိုမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နေပါတယ်။ သူ့ဆီကိုတော့ အလည်တစ်ခေါက်လောက် သွားချင်ပါရဲ့။ သူလေးလည်း အမြဲ ဖိတ်ခေါ်နေပါတယ်။


ဖြစ်နိုင်ရင်တော့ ဒီပါရီမြို့လေးမှာ ဟန်နီးမွန်းသွားချင်တယ်..ဟိ ဟိ.. အခုထိ စိတ်ကူးရင်ပါပဲ။ ကိုယ့်ကို တကယ်မြတ်နိုးတဲ့ သူမှမရှိတာ။ လက်ထပ်ဖို့ဆိုတာ ဝေးရောပေါ့။ အင်းအပျိုကြီးပဲ ဖြစ်တော့မယ်လား မသိဘူး ပါရီလေးရယ်။



ဟော်လန်မှာ အလွန်တရာ ရင်းနှီးတဲ့ မိသားစု တစ်စုရှိတယ်။ သူတို့တော့ အမြဲတမ်းလာလည်ပါလို့ အဖေကိုလှန်းဖုန်းဆက်တယ်။ ဘယ်လိုမှ မသွားနိုင်ဘူးလေ။ လမ်းခရီးကလည်းဝေး။ သွားတော့ အရမ်းသွားချင်တယ်။ ဒီလို အေးဆေးတဲ့ နိုင်ငံလေးမှာတော့ နေချင်တယ်။



အမေရိကားမှာ ငယ်သူငယ်ချင်းတွေရောက်နေကြတယ်။ အဆင်ပြေတာရော အဆင်မပြေတာရောပဲ။ အလုပ်လုပ်ဖို့တော့ မသွားချင်ဘူး။ အလည် လောက်တာရောက်ချင်တယ်။ သူငယ်ချင်းတွေတော့ ခေါ်တယ် လာခဲ့ စိတ်မပူနဲ့ တာဝန်ယူတယ်တဲ့။ ဒီမှာ ဗီဆာကလွယ်တာကိုး မပြောလိုက်ချင်ဘူး။



ၾသစေတ်းလ် ကိုလည်းသွားလည်ချင်တယ်။ ဆယ်တန်းအောင်တော့ သူငယ်ချင်းတွေ ကျောင်းဟိုမှာ ဆက်တက်ကြတယ်။ ကိုယ်ကလည်း သွားချင်လိုက်တာ တစ်ပိုင်းတောင်သေနေပြီ။ အဖေက လွှတ်ပေမယ့် အမေက မလွှတ်ဘူး။ ငယ်တယ်ဆိုပြီးတော့ နောက်ဆုံး ဒီအနီးအနားပဲ ရောက်ခဲ့တယ်ပေါ့။


ဒီနေရာလေးကိုတော့ အိန္ဒိယရောက်ရင် သွားကိုသွားမယ်ဆိုတဲ့ နေရာလေးပါပဲ။ ဒီအိမ်မက်လေးက မဝေးပါဘူး။ သွားချင်သောအချိန် သွားလို့ရတယ်လေ။ ဗုဒ္ဓဂါယာ ခရီးသွားရင်း ၀င်လို့ရတယ်။ ဒီခရီးကို အမေနဲ့သွားမယ်လို့ စိတ်ကူးထားတယ်။ အမေက မအားမသွားနိုင်သေးလို့ အမေသွားချင်သော အချိန်ကို စောင့်နေရင်းပေါ့။


အီဂျစ်ကို အရမ်းသွားလည် ချင်တယ်။ ငယ်ငယ်လေး ကတည်းက ရုပ်ရှင်တွေကြည့်ပြီး စိတ်တွေလည်း ကူးခဲ့ပါသေးတယ်။ ဘယ်အချိန်မှ ရောက်တော့မှာလဲ မသိတော့ဘူး။ အခုအတောအတွင်း တိုးတွေလည်း မ၀င်တော့ အလုပ်မရှိဘူးဖြစ်နေတယ်လေ။ တိုးများ နှစ်စဉ်လို ပုံမှန်ဆိုရင်တော့ ဗိုက်ဆံလေးဆုပြီး သွားမယ်လို့တောင် ဆုံးဖြတ်ပြီးသားပဲ။ အခုတော့ ဝေးပြီထင်တယ်။ ဘယ်အချိန်မှ နိုင်ငံခြားသားတွေ ပြန်ဝင်လာမှာလဲ ဆိုပြီးတမျှော်မျှော်နဲ့ လည်ပင်းတောင် ရှည်လာပြီကွာ။ ငါဘယ်လို ဆက်လုပ်ရမှာလဲ။ ဘာသွားလုပ်ရင် ကောင်းမှာလဲ။ စဉ်းစားရင်း ရှုးတော့မယ်။ လောလောဆယ်တော့ ကိုယ်အလည်တစ်ခေါက် ရောက်ချင်တဲ့ နေရာလေးတွေကို ဖော်ပြလိုက်အုံးမယ်။ ရောက်မရောက်တော့ ကံပေါ့။
ဒီမှာ ကံကိုပဲ အားကိုးရတော့မယ်။

From My Friend "Helen"

Dear all my friends,

1. Take a 10-30 minute walk every day. And while you walk, smile. It is the ultimate anti-depressant.

2. Sit in silence for at least 10 minutes each day. Buy a lock if you have to.

3. Buy a PVR and tape your late night shows and get more sleep.

4. When you wake up in the morning complete the following statement, 'My purpose is to_ _ today.'

5. Live with the 3 E's -- Energy, Enthusiasm, and Empathy.

6. Play more games and read more books than you did in 2007.

7. Make time to practice meditation, yoga, tai chi, and prayer. They provide us with daily fuel for our busy lives.

8. Spend more time with people over the age of 70 and under the age of 6.

9. Dream more while you are awake.

10. Eat more foods that grow on trees and plants and eat less food that is manufactured in plants.

11. Drink green tea and plenty of water. Eat blueberries, wild Alaskan salmon, broccoli, almonds & walnuts.

12. Try to make at least three people smile each day.

13. Clear your clutter from your house, your car, your desk and let new and flowing energy into your life.

14. Don't waste your precious energy on gossip, energy vampires, issues of the past, negative thoughts or things you cannot control. Instead invest your energy in the positive present moment.

15. Realize that life is a school and you are here to learn. Problems are simply part of the curriculum that appear and fade away like algebra class but the lessons you learn will last a lifetime.

16. Eat breakfast like a king, lunch like a prince and dinner like a college kid with a maxed out charge card.

17. Smile and laugh more. It will keep the energy vampires away.

18. Life isn't fair, but it's still good.

19. Life is too short to waste time hating anyone.

20. Don't take yourself so seriously. No one else does.

21. You don't have to win every argument. Agree to disagree.

22. Make peace with your past so it won't spoil the present.

23. Don't compare your life to others'. You have no idea what their journey is all about.

24. Burn the candles, use the nice sheets, and wear the fancy lingerie (not you guys.) Don't save it for a special occasion. Today is special.

25. No one is in charge of your happiness except you.

26. Frame every so-called disaster with these words: 'In five years, will this matter?'

27. Forgive everyone for everything.

28. What other people think of you is none of your business.

29. Time heals almost everything. Give time, time.

30. However good or bad a situation is, it will change.

31. Your job won't take care of you when you are sick. Your friends will. Stay in touch.

32. Get rid of anything that isn't useful, beautiful or joyful.

33. Envy is a waste of time. You already have all you need.

34. The best is yet to come.

35. No matter how you feel, get up, dress up and show up.

36. Do the right thing!

37. Call your family often.

38. Each night before you go to bed complete the following statements:
'I am thankful for __________.' Today I accomplished _________.

39. Remember that you are too blessed to be stressed.

40. Enjoy the ride. Remember that this is not Disney World and you certainly don't want a fast pass. You only have one ride through life so make the most of it and enjoy the ride.

May your troubles be less,
May your blessings be more,
May nothing but happiness come through your door!

May God bless you all
helen

သူငယ်ချင်း Helen ဆီကပို့လိုက်တာပါ။ သူငယ်ချင်းရေ ကျေးဇူးပဲနော်။ လိုက်လုပ်ကြည့်တာပေါ့။ ဖြစ်နိုင်မဖြစ်နိုင်တော့ မသိဘူး။ လူကလည်း စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး။ စိတ်လည်းညစ်တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး။ စိတ်ဓါတ်တွေတော့ ကျသလား မပြောနဲ့တော့။ သူများတွေက အလုပ်များလို့ စိတ်ညစ်ရ၊ ကိုယ်တို့ကတော့ အလုပ်မရှိလို့ စိတ်ညစ်ရနဲ့..ဟူး...။


Sunday, January 27, 2008

Japan Astrology


ဗေဒင်လေး မေးလေ့မေးထရှိလား။ ရှိတယ်ဆိုရင် ဒီဆိုက်လေးကို မှတ်ထားပါလား။ အပျင်းပြေပေါ့။ ကနေဒါမှာ နေတဲ့ သူငယ်ချင်း တစ်ယောက်က ညွှန်းလိုက်တဲ့ ဆိုက်လေးပါ။ မဆိုးပါဘူး။ တိုတိုနဲ့ လိုရင်းကို သိရတာပေါ့။ ဗေဒင်ကိုတော့ ယုံပါတယ် အလွန်အကျွံတော့ မဟုတ်ဘူး။ တခါတလေမှာ စိတ်ဓါတ်ကျနေရင် ဗေဒင်လေး မေးကြည့်ချင်တဲ့ စိတ်ကပေါ်လာတတ်တယ်။ ကောင်းတယ်ဆိုလည်း စိတ်ချမ်းသာရတာပေါ့။ မကောင်းဘူး ဆိရင်လည်း ယတြာလေး လုပ်လိုက်တာပေါ့။ စိတ်ပေါ့သွားတယ်လေ။

http://www.asahi-net.or.jp/~EB3Y-KKTK/omikuji/omikuji.html

Click ကြည့်လိုက်လေနော်။ မှန်လား မမှန်ဘူးလား စမ်းကြည့်ပေါ့။ အပျော်သဘောလည်း ရတာပဲလေ။

ကာတွန်း ကာတွန်း









အခုလော အရမ်းကိုပျင်းတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူးဖြစ်နေတယ်။ ဒါနဲ့အားရင် (အားတဲ့အချိန်က များပါတယ်) ကာတွန်းလေးတွေကို ရှာဖတ်နေရတယ်။ အဲဒါတစ်ချို့လေးတွေကို သဘောကျတာနဲ့ ကူးထားလိုက်တယ်။ သူငယ်ချင်းလေးတွေလည်း ဖတ်လို့ရအောင် တင်ပေးလိုက်တယ်လေ။

Friday, January 25, 2008

ပြောလိုက်မယ်...

ဒီနှစ်မှာ ကြည်နှုးစရာလေးနဲ့ နှစ်သစ်လေးကို စခဲ့တယ်။ သူလေးကလည်း မ”ကို ပိုလို့ ဂရုစိုက်လာတယ်လေ။ သူဘယ်သွားသွား အမြဲပြောတယ်။ ဘာလုပ်လုပ် ပြောပြတယ်။ ဘယ်သူနဲ့ ဘယ်လို ဆိုတာကအစပေါ့။ သူ့ဆီက မကြားတာကြာခဲ့ပြီ ဖြစ်တဲ့စကားလုံးလေးတွေကိုလည်း နှစ်စမှာ သူပြောခဲ့တယ်။ သူပြောတော့ သူအသံလေးတွေကို ကြားရတာ အရမ်းကို ၀မ်းသာခဲ့တယ်လေ။ ဒါကိုသူသိမှာ မဟုတ်ဘူး။ မ”ဘယ်လောက်ထိ ပျော်လည်းဆိုတာ သူသိနေမှာ မဟုတ်ဘူး။ သူအလေးအနက် ထားပြီးပြောခဲ့လား၊ ဒါမှမဟုတ် ဒီလိုပဲ ပြောလိုက်တာလား၊ ဒါတွေမသေချာပေမယ့် သူ့ကို ကျေးဇူးပဲလို့ ပြောချင်တယ်။ ဒါကိုပြောမထွက်ဘူး ဘာကြောင့်လည်း၊ သူ့ရှေ့မှာ မ”တော့ တကယ်ကို ဘာမှမခံစားရသလို နေခဲ့တာ။ သူ့ကိုပြောလိုက်လို့ သူပျော်မယ်ဆို ပြောပြချင်တယ်... ဒါပေမယ့်လည်း ကြောက်တယ် သူလေးရယ်။ ဒါပေမယ့် ဒီမှာ ပြောလိုက်တော့မယ်နော် နှစ်သစ်ကူးတဲ့ညက ဖုန်းဆက်ပြီး ပြောခဲ့တဲ့ စကားလုံးလေးတွေအတွက် ကျေးဇူးနော်။ မ” အရမ်းကို ပျော်ခဲ့ပါတယ်။

Thinking of you

I thinks of you, my beloved
every day and every night:
I thinks of you always,
and in every thought
there is a certain pleasure and a certain pain.

What is strange is that whenever I thinks of you
'Come and pour your troubles here, on my breast.'

And at time I call you by name
unknown anyone but loving fathers
and passionate mothers.

You have been in my mind every since I last wrote to you. I have spent long hours thinking of you, talking to you, endeavoring to discover your secrets, trying to unravel your mysteries.

Monday, January 21, 2008

ကျေးဇူးစကား ပြောပါရစေ ဆရာ

ဦးတင်မိုးရဲ့ ထီးကလေးနဲ့ မနီ ဆိုသောစာအုပ်ကို မဖတ်ရတာကြာပါပြီ။ မေ့ပျောက်နေပါတယ် မနေ့က အိမ်ခန်းရှင်းရင် ဒီစာအုပ်လေး ကိုတွေ့ရတော့ ပြန်ဖတ်နေမိတယ်။ ဖတ်ရင်း ငယ်ငယ်ကအရွယ်လေးကို ပြန်လိုချင်နေမိတယ်လေ။ ထီးကလေးနဲ့ မနီ စာအုပ်ကို ဘယ်သူဝယ်ပေးခဲ့လည်း ဆိုတာလည်းမေ့နေပြီ။ ဒီစာအုပ်လေးဟာ အလွန်မှ ချစ်ဖို့ကောင်းပါတယ် ပန်းချီကိုတော့ ပေါ်ဦးသက်က ဆွဲထားပါတယ်။ ဆရာပေါ်ဦးသက် ရဲ့ပန်းချီလေးတွေဟာ သက်ဝင်လှုပ်ရှား နေတယ်လို့ လည်းခံစားရပါတယ်။ ဒီစာအုပ်ကိုတော့ မ”မမွေးခင် ကတည်းက ထုတ်ဝေခဲ့တာပါ။ ရထားတဲ့ စာအုပ်ကတော့ တတိယ အကြိမ်ထုတ်ခြင်းပါ။ ဦးဦးတင်မိုးရဲ့အမှာစကားလေး တချို့ကိုလည်း ရေးထားလိုက်ပါတယ်။

ကလေးတို့။

နေကောင်းကြရဲ့နော်။
မိုးတွေလဲ ဖြိုင်ဖြိုင် ရွာပြီ။ ကျောင်းတွေလဲ ဖြိုင်ဖြိုင် ဖွင့်ပြီ။ ဒီအချိန်မှာ ဦးဦးက ကလေးတို့ ဆိုဘို့ကဗျာတွေ စပ်ပေးလိုက်ပါတယ်။ ထီးကလေးနဲ့ မနီတဲ့။ ဦးဦးရဲ့ ၀ါဆိုဦး လက်ဆောင်လို့မှတ်ကြပါ။ .......... ။

ကလေးတို့ အစွမ်းကုန် ပွင့်လန်းပါစေ။
ဦးဦးတင်မိုး
၁၃၃၂-ခုနှစ် ၀ါဆိုကပြည့်ကျော် ( ၅ )ရက်

အများအကျိုး ကိုယ့်အကျိုး

မနီကလေး ပန်းပန်ချင်
ပန်းဥယျဉ် ကိုဝင်
ပန်းပန်ချင်ယင် ပန်းပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ထမင်းဆာ
လယ်တော ဆီကိုလာ
ထမင်းဆာယင် ကောက်ပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ချွေး စိုစို
စရပ်ရိပ် မှာခို
နေခိုချင်ယင် စရပ်မိုး
အများအကျိုး ကိုယ့်အကျိုး။