






ဒီမှာ ကံကိုပဲ အားကိုးရတော့မယ်။
Three gems of your life are love, self~esteem, and true friends
Posted by
monemone
at
1:44 PM
0
comments
Labels: ရင်တွင်းဖြစ်
Dear all my friends,
Posted by
monemone
at
1:01 PM
0
comments
Labels: သူငယ်ချင်း
ဗေဒင်လေး မေးလေ့မေးထရှိလား။ ရှိတယ်ဆိုရင် ဒီဆိုက်လေးကို မှတ်ထားပါလား။ အပျင်းပြေပေါ့။ ကနေဒါမှာ နေတဲ့ သူငယ်ချင်း တစ်ယောက်က ညွှန်းလိုက်တဲ့ ဆိုက်လေးပါ။ မဆိုးပါဘူး။ တိုတိုနဲ့ လိုရင်းကို သိရတာပေါ့။ ဗေဒင်ကိုတော့ ယုံပါတယ် အလွန်အကျွံတော့ မဟုတ်ဘူး။ တခါတလေမှာ စိတ်ဓါတ်ကျနေရင် ဗေဒင်လေး မေးကြည့်ချင်တဲ့ စိတ်ကပေါ်လာတတ်တယ်။ ကောင်းတယ်ဆိုလည်း စိတ်ချမ်းသာရတာပေါ့။ မကောင်းဘူး ဆိရင်လည်း ယတြာလေး လုပ်လိုက်တာပေါ့။ စိတ်ပေါ့သွားတယ်လေ။
http://www.asahi-net.or.jp/~EB3Y-KKTK/omikuji/omikuji.html
Click ကြည့်လိုက်လေနော်။ မှန်လား မမှန်ဘူးလား စမ်းကြည့်ပေါ့။ အပျော်သဘောလည်း ရတာပဲလေ။
Posted by
monemone
at
3:55 PM
0
comments
Labels: ဗေဒင်
Posted by
monemone
at
3:43 PM
0
comments
Labels: ကာတွန်း
Posted by
monemone
at
8:22 PM
0
comments
Labels: ရင်တွင်းဖြစ်
I thinks of you, my beloved
every day and every night:
I thinks of you always,
and in every thought
there is a certain pleasure and a certain pain.
What is strange is that whenever I thinks of you
'Come and pour your troubles here, on my breast.'
And at time I call you by name
unknown anyone but loving fathers
and passionate mothers.
You have been in my mind every since I last wrote to you. I have spent long hours thinking of you, talking to you, endeavoring to discover your secrets, trying to unravel your mysteries.
Posted by
monemone
at
8:03 PM
0
comments
Labels: ကဗျာ
Posted by
monemone
at
9:27 PM
0
comments
Labels: အမှတ်တရ
မနီကလေး ပန်းပန်ချင်
ပန်းဥယျဉ် ကိုဝင်
ပန်းပန်ချင်ယင် ပန်းပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ထမင်းဆာ
လယ်တော ဆီကိုလာ
ထမင်းဆာယင် ကောက်ပင်ပျိုး
အများအကျိုး ကိုယ့်အကျိုး။
မနီကလေး ချွေး စိုစို
စရပ်ရိပ် မှာခို
နေခိုချင်ယင် စရပ်မိုး
အများအကျိုး ကိုယ့်အကျိုး။
Posted by
monemone
at
9:20 PM
0
comments
Labels: အမှတ်တရ
မနီ လာပါ့ - လသာည
လမ်းမ ဖြူးဖြူး ပန်းကဖူး
မနီ ပန်းတွေ ခူး။
တဖူးကိုတော့ ဘုရားထံ
တဖူး မေမေ ပန်။
လက်ကျန် တဖူး လိုချင်က
မနီ ထံကို လာပါကြ။
Posted by
monemone
at
9:13 PM
0
comments
Labels: အမှတ်တရ
မနီကလေး လွယ်အိတ်ပြင်
ပိတောက်ပန်းနဲ့ ကျောင်းခန်းဝင်၊
မင်္ဂလာပါ ဆရာမ
ညီညီ ညာညာ နှုတ်ဆက်ကြ၊
ဝလုံးကလေး ချစ်စဖွယ်
ဝိုင်းအောင် ရေးတတ်တယ်၊
စပယ်လို ဖြူဖြူဖွေး
ဝလုံး ကြူကြူ မွှေး။
Posted by
monemone
at
9:07 PM
0
comments
Labels: အမှတ်တရ
မနီကလေး မူမူရာရာ
ထီးကလေး နဲ့လာ၊
လာပါလေရော့ လာပါတော့
ဆရာ ခေါ်ပါပေါ့၊
တမော့မော့နဲ့ စာပေအံ
သူ့တေး စာစာညံ၊
ဆရာ့ထံ စာအံရ
မနီ ပထမ။
Posted by
monemone
at
8:59 PM
0
comments
Labels: အမှတ်တရ
Posted by
monemone
at
9:35 AM
0
comments
Labels: ပုံလေးတွေ
အောင်မလေး... ဒီမနက် အစောကြီးထရတယ်။ ခွေးလေးကလာနိုးတယ်လေ ညကမအိပ်ရဘူး ခြင်တွေကို သွေးလှူနေလို့ .. ပုံမှန်ဆိုရင် မနက် ရ နာရီလောက်မှာ ထတယ်။ အခုတော့ ၆ နာရီ တစ်နာရီစော တာဘာမှမသိသာပေမယ့် ညလည်းမအိပ်ရတော့ ပိုဆိုးတာပေါ့..
ညမအိပ်ရရင် လူကမလန်းဘူး။ ညကောင်းကောင်းအိပ်ပျော်ရင် ၄ နာရီလောက်ပဲ အိပ်ရရင်လည်း လုံလောက်တယ်။ လူတစ်ယောက်ဟာ အိပ်ရေးပျက်ပေါင်းများလာရင် စိတ်ဓါတ်လည်းကျလာတတ်တယ် စိတ်ဓါတ်ကျလာတဲ့အတူ အလုပ်လည်းအဆင်မပြေ အချစ်ရေးအဆင်မပြေ အရာအားလုံးဟာ ကိုယ့်အတွက် ပြောင်းပြန်တွေဖြစ်နေတတ်တယ်..
ဘယ်လိုလုပ်ပြီး ကောင်းကောင်းအိပ်နိုင်အောင်အိပ်နိုင်မှာလဲ...
Posted by
monemone
at
9:10 AM
0
comments
Labels: ရင်တွင်းဖြစ်
Button Girl အရမ်းကိုချစ်ဖို့ကောင်းတယ် ။ ဒီလိုပုံမျိုးကို အများကြီးသိမ်းထားခဲ့တယ် အခုတော့ ဒီလိုပုံတွေကို ကြိုက်တတ်မယ့် လူအတွက်ပါကြည့်ရအောင် တင်ပေးလိုက်တယ် ။ တခြားဘယ်က ရယူနိုင်သေးလဲ သိရင်ပြောပြပေးပါနော် ။
Posted by
monemone
at
10:57 PM
0
comments
Posted by
monemone
at
3:02 PM
0
comments
Labels: ရင်တွင်းဖြစ်
ရင်ခုန်စရာများ ပေးခဲ့သောသူ
အချစ်ဆိုသောအရာကို ပေးသောသူ
လွမ်းခြင်း သတိရခြင်းဆိုသောအရာကို
နားလည်လာအောင် ငါ့အားသင်ပေးသူ
ရက်စက်ခြင်းဆိုတာကိုလည်း ငါသိရှိခဲ့ပြီ
........................................................................
မည်မျှပင် ရက်စက်
ငါ၏ အချစ်
ငါ၏ နှလုံးသား
ငါ၏ သံယောဇဉ်
ငါ၏ အပြုံး
ငါ၏ မျက်ရေ
ငါ၏ ဘဝ
ငါ၏ အသက်
ငါ၏ အရာရာကိုပိုင်သော
ငါ၏ ချစ်သူ
ငါ၏ ချစ်ရသောသူ.....
@m
Posted by
monemone
at
2:49 PM
0
comments
Labels: ကဗျာ
သစ္စာတရားဆိုသော
အုတ်မြစ်ကို ချလိုက်ပါ၊
ဂုဏ်သိက္ခာဆိုသော
အကာအကွယ် နံရံနှင့်ကာလိုက်ပါ၊
ယုံကြည်မှု အမိုးနှင့်
အပေါ်ကခေါင်မိုးကို မိုးလိုက်ပါ၊
မီးလင်းဖို အခင်းပေါ်က
တောက်လောင်နေသော မီးလျှံဆိုတာ
အချစ်ပါ.....
မိုးတွေဘယ်လောက် သည်းသည်း
လေတွေဘယ်လောက် တိုက်တိုက်
အခုလို ပျော်စရာကောင်းတဲ့ အိမ်ကလေးကတော့
ဘယ်တော့မှ ပြိုပျက်မှာမဟုတ်ပါ။
A Happy Home By H.V.Dyke ကိုဘာသာပြန်ဆိုထားပါသည်။
Posted by
monemone
at
2:33 PM
0
comments
Labels: ကဗျာ
A simple friend has never seen you cry.
A real friend has shoulders soggy from your tears.
A simple friend doesn’t know your parents’ names.
A real friend has their phone numbers in his address book.
A simple friend brings a bottle of wine to your party.
A real friend comes early to help you to cook and clean.
A simple friend hates it when you call after he has gone to bed.
A real friend asks you why you took so long to call.
A simple friend seeks to talk with you about their problems.
A real friend seeks to help you with your problems.
A simple friend wonders about your romantic history.
A real friend could blackmail you with it.
A simple friend, when visiting, acts like a guest.
A real friend opens your refrigerator and helps himself.
A simple friend thinks the friendship is over when you have an argument.
A real friend knows that it’s not a friendship until after you’re had a fight.
A simple friend expects you to always be there for them.
A real friend expects to always be there for you!
Posted by
monemone
at
8:40 PM
0
comments
Labels: သူငယ်ချင်း
Is Life ...
sweet or bitter?
In fact ...
it is only a honey river
flowing into the bitter sea.
YU ( Chuck )
Posted by
monemone
at
8:42 PM
2
comments
Labels: ကဗျာ
သူငယ်ချင်းတစ်ယောက်နှင့် မိတ်ဆက်ပေးလိုပါတယ်။ သူ့နာမည်က “ဘူးဝက်” တဲ့သူ့ကိုသူတော့ လူဆိုးမလေးဆိုပဲ သူကအရမ်းကို ခင်မင်တတ်သူပါ သူငယ်ချင်းတွေကိုလည်း အမြဲကူညီတတ်ပါတယ် စေတနာကောင်း သဘောကောင်းပေါ့ရှင် သူ့လိုမိန်းကလေးတော့ ခုခေတ်မှာ ရှာရရှားပြီ။ ဒါပေမယ့် သူကတော့ အရမ်းကိုလျှို့ဝှက်တတ်တယ် လျှို့ဝှက်ထားတာတွေပေါ်လာရင် ပုံစံကတစ်မျိုး ။ ဒါကြောင့်သူ့ကိစ္စဆိုရင် လူတွေအသိနည်းတယ် သိတဲ့သူငယ်ချင်းဆိုရင်လည်း အမြဲသူ့ကိုနိုင်တယ်လေ … သူ့ပုံစံကို သိချင်သလား ပြောပြရမှာပေါ့ သူမအရပ်ကတော့ ၅ပေ၅လက်မကို ၃လက်မခွဲလောက်နုတ်လိုက် ရတဲ့အဖြေက သူ့အရပ်အမောင်းပါပဲ ကိုယ်ထည်လေးကတော့ သေးသေးသွယ်သွယ်လေးပေါ့ သူခန္ဓာကိုယ်နဲ့ အရပ်အမောင်းက လိုက်ဖက်တယ်လို့ပြောရမယ် ခန္ဓာကိုယ်ကောက်ကြောင်းဆိုရင် မြင်သူတကာ ငေးလောက်အောင်ပါ တင်ဆိုတင် ရင်ဆိုရင် ။။ ၀တ်စားပုံကတော့ ခေတ်နဲ့လိုက်စားနေတာ အတိုတွေတော့ သူအသည်းစွဲပဲ အသားကဖြူတော့လေ သူများဝတ်နိုင်တာပေါ့ ဆံပင်တွေကိုတော့ ကျောင်းတက်ချိန်က တင်ထိရှည်အောင်ထားတာ ကျောင်းလည်းပြီးရော အတိုကိုညှပ်လိုက်တာ အခုဆို အတိုမှအတိုပါရှင် ဒါနဲ့ပဲ သူ့ကိုတချို့က ကတုံးမဆိုပြီးခေါ်ကြတယ် ဒါကိုသူဂရုမစိုက်ဘူး ခေါ်ချင်တာခေါ် ချစ်စနိုးနဲ့ခေါ်တာဆိုပြီး ခွေးလွှတ် ..ဟဲ ဟဲ ခွင့်လွှတ်တယ်။ အစားတော့ ကြီးသလားမပြောနဲ့ အမြဲအပြင်မှာ သွားစားတယ်ဆိုရင် သူကပဲ လက်ကျန်တွေ ရှင်းတတ်တယ် သူ့ရဲ့အကြောင်းပြချက်တော့ရှိတယ် ဒီလက်ကျန်လေးကို နောက်ဆုံးရှင်းတဲ့သူဟာ ဘဲချောချောရတတ်တယ်ဆိုပြီး တိုင်ခံရှင်းနေတာ အားလုံးကလည်း ယုံလိုက်ရတယ် သူ့မှာကဘဲ မရသေးဘူးလေ ( စိတ်ထဲမှာတော့ သူအစားကြီးတာပါလို့ပဲ အားလုံးက ထင်ကြတာ ) ဒီလိုနဲ့မကြာဘူး သူဘဲရသွားတယ် အောင်မလေးအော်လိုက်ရအောင်ကို မထင်စရာ အရမ်းကိုချောတာ ကိုးရီးယားမင်းသားလိုလို ဟိ ဟိ..။ သူနေတဲ့ အခန်းလေးထဲမှာ သူမနေဖြစ်တာများတယ် သူ့အိမ်စောင့်နတ်ကတောင် သူ့ကိုမှတ်မိပါ့မလား ဆိုးရိမ်ရတယ် တချိန်လုံး လမ်းတလားနေတာ ဟိုအိမ်ရောက် ဒီအိမ်ရောက်နဲ့ သူ့ကိုလာစေချင်တယ်ဆိုရင် အစာနဲ့တာမျှားခေါ်လိုက် ချက်ချင်းရောက်လာတော့တာပဲ ဟိ ဟိ သူ့ကိုငါးလို့ ပြောပါဘူးနော်။ သူအိမ်မှာကပ်နေတဲ့အချိန်ဆိုရင် သူပုလင်းထောင်တဲ့အချိန်ပဲ သူအရက်သောက်တတ်လို့ အဆိုးမမြင်ကြပါနဲ့ သူနေတဲ့ဒေသက အရမ်းကိုအေးတာ အအေးဒဏ်ကိုခံနိုင်အောင် ငယ်ငယ်လေးကတည်းက သောက်တတ်တာ မြို့ပေါ်ရောက်တော့ တခါတလေ သူငယ်ချင်းနဲ့ဝိုင်းကောင်းတတ်တယ်လေ သူဟာသူ အိမ်မှာပုလင်းထောင်ရတဲ့အကြောင်းကတော့ ထွက်ပေါက်မရှိတဲ့ အချိန်မျိုးပေါ့ တစ်ချိန်ကဖြစ်ခဲ့တာလေးကို ပြောပြချင်တယ် ကျမနဲ့သူ အတူနေချိန်ကပေါ့ တစ်ညမှာ ကျမအလုပ်ရှိတာနဲ့ အိမ်ပြန်မအိပ်ဖြစ်ဘူး အဲဒီညကသူသောက်တာ မဲခေါင်တစ်ပြား (ဟိုအချိန်က ဒါလေးပဲတတ်နိုင်တာလေ အခုဆိုရင် ဂျော်ရွှေလမ်းလျှောက် မှသောက်တာရှင့်) ကို နှစ်ခွက်စာပဲ မော့လိုက်တာ ဘာမှလည်းမရော ပြီးတော့ စာအုပ်လေးကောက်ဖတ်တာတဲ့ နောက်ပိုင်းဘာဆက်ဖြစ်လဲ ဆိုတာကိုတော့ သူမသိတော့ဘူး မိုးလင်းမှ သူ့အိပ်ရာဘေးမှာ ဟိုဘက် ဒီဘက် ဆန်ပြုတ်နဲ့ အပက်ခံထားရသလိုဖြစ်နေတာ မနက်မိုးလင်းတော့ အကောင်းကြီးပဲ သူများလို အရက်နာကျတွေလည်းမဖြစ်ဘူး အဲဒါနဲ့ အိပ်ရာခင်းတွေလျှော်ဖွတ်ပြီး အလှပြင် အလုပ်သွားတယ် ကျမပြန်လာချိန်မှာ ကျမဘာမှတောင်မသိလိုက်ဘူး အကုန်သူရှင်းထားလိုက်တယ်လေ နောက်ပိုင်းသူ ပြန်ပြောမှ သိရတာ တော်တော်ဆိုးတဲ့ မိန်းကလေး အခုတော့ သူအခန်းဝယ်ပြီး တစ်ယောက်တည်းပြောင်းနေတာ လောလောဆယ်မှာတော့ ဘယ်သူနဲ့မှလည်းမတွဲဘူး ဟိုဘဲနဲ့လည်း သူကမကြိုက်တော့လို့ ဆိုပြီးလမ်းခွဲလိုက်တာ သူကလှတော့ လိုချင်တယ်ဆိုရင် ခေါင်းခေါက်ယူလို့ရတယ်လေ …. ဒီလိုပဲ ပျော်တယ်လို့ သူကပြောတယ် ဟုတ်ကြောင်းမဟုတ်ကြောင်း ….
ဒီမှာ တစ်ခန်းရပ်လိုက်ပါအုံးမယ် နောင်များအချိန်ရရင် သူ့ရဲ့ ဟာသဉာဏ်များပုံလေးတွေကို ဆက်လက်ဖော်ပြပါအုံးမယ်။
Posted by
monemone
at
6:34 PM
0
comments
Labels: လူဆိုးမ
အရမ်းချစ်ဖို့ကောင်းတယ် ခွေးကလေးက ဘာမှနားမလည်တဲ့ အကြည့်နဲ့ ကောင်မလေးက ချစ်ခြင်းအပြည့်နဲ့။ လူတွေမှာ ဒီလို တိရစ္ဆာန်အပေါ် ကြာင်နာတတ်တဲ့ စိတ်ထားရှိတဲ့သူဟာ နှူးညံသိမ်မွေ့တဲ့သူဆိုပဲလား။
Posted by
monemone
at
1:55 PM
0
comments
ချစ်တယ်လို့ နေ့တိုင်းပြောဖို့မလိုပါဘူး
တခါတလေ ချစ်တယ်ဆိုတာ ပြောဖို့မလိုပဲ အပြုအမှူနဲ့လည်းပြနိုင်တာတဲ့
အမြင်အာရုံ နဲ့မြင်ရတဲ့ အချစ် အကြားအာရုံ နဲ့ကြားရတဲ့ အချစ်
နှစ်မျိုးလုံးဟာ ချစ်တဲ့သူအတွက် အရေးကြီးတယ်
အချိန်အခါနဲ့ လိုက်ပြီးနေတတ်ဖို့ ပြောတတ်ဖို့က လိုတယ်
တချို့အချိန်မှာ ငါဟာနွေးထွေးသော ဂရုစိုက်မှူကိုတာ လိုအပ်တယ်
တချို့အချိန်မှာ ချစ်တယ်ဆိုတာကို ကြားချင်ပြန်တယ်လေ
စကားတစ်လုံးတည်းပြောခြင်းဟာ အပြုသဘောလောက် မလေးနက်ဘူး
အပြုအမှူတစ်မျိုးတည်းနဲ့လည်း ဘယ်လိုမှ ယုံကြည်မှူအပြည့်အ၀ မပေးနိုင်ဘူး
အမှန်တကယ်ပဲ ချစ်တယ်ဆိုရင် သင်သူ့အတွက် ဒါတွေလုပ်ပေးဖို့ မမေ့ပါနဲ့။ သင်ရဲ့ချစ်သူကို ဂရုစိုက်ပေးပါ ရံဖန်ရံခါ ချစ်တယ်လို့ ပြောလိုက်ပါ။ အဲလိုပြောလိုက်ရုံနဲ့ သင်၏ချစ်သူ ဘယ်လောက် ၀မ်းသာသွားမလဲ ဆိုတာ သင်သိနိုင်မှာ မဟုတ်ဘူး။ ဒါတွေကို ခံစားရတဲ့ မိန်းခလေးတွေတာ သိကြမှာ။
Posted by
monemone
at
1:15 PM
0
comments
ဒီညတော့ တစ်ယောက်တည်း ဘာစားရင်ကောင်းမှာလဲ ဒါလေးဆိုရင်မဆိုးဘူး။ အသားတွေကိုတော့ အရမ်းကြိုက်တာပဲ အထူးသဖြင့် ၀က်သားပေါ့။ ၀ိုင်လည်း အနီရောင်ဆို ကောင်းတယ်။ သိပ်မမူးဘူးလေ။ အရမ်းမူးတာတွေကိုတော့ အကြိုက်ဘူး။ ၀ိုင်အဖြူလည်း မကြိုက်ဘူး အနံဆိုးတယ်လို့ထင်တယ်။
Posted by
monemone
at
5:37 PM
0
comments
ခရီးသွားကြရအောင်။ တောင်တက်မှာလား ကမ်းခြေသွားမှာလား။ မ”အကြိုက်ကတော့ တောင်တက်ရတာကို ပိုသဘောကျတယ်။ တောင်ပေါ်တက်ရတာပျော်တယ် သဘာဝအတိုင်း စိမ်းလန်းစိုပြေနေသော နေရာမှာ နေရတာ စိတ်အချမ်းသာဆုံးပဲလေ။ ဒါနဲ့လေ မ”ကိုခရီးသွားရအောင်လို့ ပြောခဲ့သောသူတစ်ယောက်ကတော့ ပြောပြီးအခုဆို တစ်နှစ်လည်းကြာခဲ့ပြီ သူနဲ့ဘယ်ကိုမှ မရောက်သေးဘူး။ သူမေ့နေတာလား မအားလို့ပဲလား..။
သူကတော့ ခရီးတွေသွားနေတာပဲ၊ မ”လည်းခရီးတွေသွားတယ် ဒါပေမယ့် အတူသွားရတဲ့ ခရီးမဟုတ်ပဲ ကိုသွားသူသွား ဒီအတိုင်းပဲဖြစ်နေတာ။ ဒီနေ့လည်းသူ ခရီးသွားရပြန်ပြီ မ”တော့လွမ်းကျန်ခဲ့အုံးမှာပေါ့။ စဉ်းစားကြည့်သေးတယ် သူနဲ့တာခရီးအတူ ထွက်ဖြစ်မယ်ဆို ဘယ်သွားရင်ကောင်းမှာလဲ။ မအကြိုက်အတိုင်း တောင်တယ်တာပဲသွားချင်တယ်။ သူကဘယ်ကိုသွားချင်လဲ သူ့ကိုမေးကြည့်မယ်ဆိုရင် သူကမ”သဘောလို့ ဖြေမှာပဲလေ..။
Posted by
monemone
at
4:55 PM
0
comments
Nice themes and you can download every day . if you love to change your mobile themes.
www.ownskin.com
Click here and you can make your own themes with your style or with your lovely image.
Posted by
monemone
at
2:44 PM
3
comments
e-mail ကိုပေးထားတဲ့ နာမည်ဟာ ကိုယ်ကိုတိုင် ပေးထားတာမို့ ကိုယ်ရဲ့လက္ခဏာကို ဖော်ပြတယ်လို့ အခုနောက်ပိုင်းမှာ ပြောလာကြတယ်။ ဒါနဲ့ အကျဉ်းချုပ်ပြီး တင်ထားပေးလိုက်တယ်။ မှန်မမှန်တော့ မသိဘူးလေ ဖတ်ကြည့်ပြီးဆုံးဖြတ်ပေါ့နော်။
A J S နဲ့စသော နာမည်
အတွေးအခေါ်နဲ့ လက်တွေ့ပြုလုပ်တတ်သူ၊ ပြောင်းရွှေ့ရတာကို သဘောကျတယ်၊ အထူးသဖြင့် ပိုမိုသစ်လွင်သောနေရာသို့ ပြောင်းရမည်ဆိုက အလွန်ပျော်သည်။ အလုပ်လုပ်ရာတွင်လည်း ကိုယ်၏အစွမ်းအစပြနိုင်သော အလုပ်ကိုမှ ရွေးလုပ်တတ်သည်။ ချစ်သူရှိက ချစ်သူကို ကတိစကားပြောကြားခြင်း ရှိမည်မဟုတ်။
B K T နဲ့စသော နာမည်
တက်တက်ကြွကြွနေတတ်သူ။ သူ၏ဘ၀ကိုလည်း သူ၏ခံစားချက်ပေါ်မူတည်ပြီး ပြောင်းလဲနေတတ်သည်။ ပြဿနာကို မေ့လွယ်သောသူဖြစ်၍ ကြာမြင့်စွာ စိတ်ညစ်မနေတတ်ပါ။ အငြင်းသန်သောသူ တစ်ယောက်လည်းဖြစ်သည်။ သို့သော် ပြဿနာကို ကြုံတွေ့ရပါက ရင်ဆိုင်ရဲသော သတ္တိရှိသူတစ်ယောက်ဖြစ်သည်။
C L U နဲ့စသော နာမည်
ယဉ်ကျေးသည်၊ အပြောကောင်းသည်၊ လူချစ်လူခင် ပေါများတတ်သည်။ ကမ္ဘာကြီးကိုလည်း အကောင်းဖက်ကမြင်တတ်သူဖြစ်သည်။ အနုပညာကို အလွန်နှစ်သက်သောသူလည်းဖြစ်သည်။ ရင်တွင်းခံစားချက်ကို ဖုံးကွယ်ထားတတ်သည်။ မည်သူ့ကိုမှလည်း အမှန်ပြောမည်မဟုတ် ပြောခဲ့သည်ရှိက အမှန် ၃၀ရာခိုင်နှုန်းတာဖြစ်မည်။
D M V နဲ့စသော နာမည်
စည်းကမ်းရှိသည်။ မိသားစု၊ အလုပ်၊ ချစ်သူ အားလုံးဟာ သူ့စည်းနှင့်သူရှိသည်။ အပြောင်းအလဲကို မနှစ်သက်သောသူလည်းဖြစ်သည်။ တစ်ခုခု ပြောင်းလဲရမည်ဆိုက အလွန်တရာ ရင်လေးသည့်ကိစ္စဖြစ်သည်။ သည်းခံတတ်သူဖြစ်၍ အလုပ်လုပ်ရာတွင် ခေါင်းဆောင်နေရာ ရတတ်သည်။
E N W နဲ့စသော နာမည်
စပ်စုသည်။ လူတကာအကြောင်းကို အလွန်တရာမှ သိချင်သောစိတ်ရှိသည်။ မလုပ်ဖူးသော အလုပ်ကို လုပ်ရမည်ဆိုလျှင် သဘောကျတတ်သည်။ လုပ်လျှင်လည်း အောင်မြင်လေ့ရှိသည်။ လူတကာ အမြင်ကပ်တာရော အထင်ကြီးတာရော် ခံရတတ်သည်။ ချစ်သူကိုတော့ မသင်္ကာတတ်သောစိတ် အမြဲထားရှိတတ်သည်။
F O X နဲ့စသော နာမည်
သိမ်မွေ့သောသူဖြစ်သည်။ မချစ်မနှစ်သက်သော သူအပေါ်တွင်လည်း စေတနာထားတတ်သည်။ ကြမ်းတမ်းသော အပြုအမူတွေကို အလွန်မုန်းတီးသောသူ။ သူ့အတွက် အရေးအကြီးဆုံးကတော့ သူ့မိသားစု။ ပတ်ဝန်းကျင်နှင့် ပြေပြေလည်လည် ဆက်ဆံနေထိုင်တတ်သည်။ သို့သော် သူ့တွင်ကိုယ်ပိုင် ဆုံးဖြတ်ချက်မရှိဘူး။
G P Y နဲ့စသော နာမည်
သူကတော့ အကောင်းကြိုက် အလှအပကြိုက်တတ်သူ။ တနည်းပြောရမယ်ဆိုရင် သူက High-class သမားပဲ။ လူကိုလည်း အလျော့မပေးတတ်ဘူး။ သူကပဲ နိုင်ချင်နေတာ။ ဒါပေမယ့် သူသဘောကျတဲ့သူကို တွေ့သွားပြီဆိုရင် သူကပဲအလျော့ပေးရတဲ့သူ ဖြစ်သွားတတ်ပါတယ်။
H Q Z နဲ့စသော နာမည်
သည်းခံတတ်တဲ့သူတောင် သူနဲ့တွေ့ရင် ပေါက်ကွဲသွားနိုင်တယ်။ သည်းခံတဲ့နေရာမှာ သူကဆရာကြီးပဲလေ။ ဘ၀ဆိုတာကိုလည်း ကောင်းကောင်းနားလည်ထားတယ်လေ။ ဖြေရှင်းရမယ့် ပြဿနာဆိုရင် သူ့ကိုပဲ ပေးရှင်းလိုက်ပါ အကောင်းဆုံးဖြစ်သွားပါလိမ့်မယ်။ ကိုယ်ပိုင်ယုံကြည်မှု့အပြည့်ရှိသူပါ။
I R နဲ့စသော နာမည်
အနာဂတ်သမား အသစ်အဆန်းလေးကိုလည်း အရမ်းသဘောကျတတ်တယ်။ သူ့နဲ့တော့ အတိတ်ကဖြစ်ပျက်လာတာတွေကို လာမပြောနဲ့မကြိုက်ဘူးတဲ့။ ဒါပေမယ့် မကြိုက်တဲ့ကြားကလာပြောနေရင်လည်း ပြီးအောင်တော့နားထောင်ပေးသူပါတဲ့။ လူမူရေး သိတတ်သောသူလို့ပြောလို့ရတာပေါ့။ အခွင့်အရေးလည်း ပေးတတ်တယ်ဆိုပဲ။
Posted by
monemone
at
1:49 PM
0
comments
Labels: သင်ဘယ်လိုလူစားလဲ
ခွေးလေးက အခုဆို ၆လသားပေါ့။ နာမည်က ကဲကဲတဲ့ အိမ်မှာတော့ အဘူး လို့ခေါ်ကြတယ်။ အလွန်တရာမှ လူခင်တာ ။ အိမ်မှာဆိုရင် အရမ်းကိုဆိုးတယ်။ ထမင်းစားရင် ခွံ့ကျွေးမှစားတယ်။
Posted by
monemone
at
1:16 PM
1 comments
Labels: ဘူဘူးလေး
ကိုယ့်သူငယ်ချင်း သူကတိဗက်ကို အလည်ရောက်သွားတယ်လေ ပျော်စရာကြီးနော်။ သွားချင်လိုက်တာနော် ကို့သူငယ်ချင်းလေးကို သဘောကျရဲ့လား။ ယိုးဒယားမလေးပါ။
Posted by
monemone
at
10:49 PM
0
comments
Labels: သူငယ်ချင်းပုံ
အချစ်ရဆုံး ကြောင်လေးလေ။ အသက်က ၆နှစ်ရှိပြီ။ အရမ်းကို လိမ္မာတာ။ သူ့ခန္ဓာကိုယ်အလေးချိန်ကတော့ ၅ကီလို အတော်လေး ၀တဲ့ကြောင်လေးပဲ။ အရမ်းလည်း အပျင်းထူတာ ကြွက်ကသူ့ အစာလာစားနေတာ မြင်နေတာတောင် သူကအိပ်ပြီးကြည့်နေတာ။ အမှတ်တော့ အရမ်းကိုကြီးတယ် သူ့ကိုသွားစထားရင် သူကကိုယ်သတိလွှတ်တဲ့အချိန် ပြန်လာကိုက်တတ်တယ်လေ။
Posted by
monemone
at
10:37 PM
0
comments
Labels: အိုက်မီနွဲ့
ကဗျာတွေကို မုန်းတယ် ဘာလို့လဲဆိုတော့ တခါတလေ ကဗျာတွေက လူတွေကို အရမ်းနာကြင်စေတယ်လေ။ ပြောရမယ်ဆိုရင် ငါလည်းက
ဗျာတွေကြောင့် အမြဲဝမ်းနည်းခဲ့ရတယ်။ ငါနဲ့ပတ်သက်နေတဲ့ ကဗျာတွေမဟုတ်ဘူး။ ကဗျာစာသားတွေကလည်း ငါ့ဘ၀နဲ့ ဘာမှကိုမဆိုင်ဘူး။
အဲလို ငါနဲ့ဘာမှမဆိုင်တဲ့ကဗျာတွေကတော့ ဘာလို့ငါ့ကို ၀မ်းနည်းစေလည်းဆိုတာ သိကြမှာမဟုတ်ဘူး။ ဒီလိုပါ ငါ့အချစ်ဆုံးချစ်သူက ကဗျာ တွေရေးလေ့ရှိတယ်။ သူရေးတဲ့ကဗျာတိုင်းဟာ ငါ့နဲ့ဖြစ်ပေါ်လာတဲ့ခံစားချက်မဟုတ်ပဲ တခြားကောင်မလေးတစ်ယောက်အကြောင်းတွေဖြစ်
နေတာ။ အဲဒါ အရမ်းကိုဝမ်းနည်းတယ်။
Posted by
monemone
at
9:48 PM
0
comments
ဘာရယ်တော့ မဟုတ်ဘူး။ အရမ်းကို စိတ်ညစ်တဲ့နေ့မှာ ကိုယ်စိတ်အချဆုံးလူကလည်း ကို့ကိုလိမ်ခဲ့တဲ့ ကိစ္စရုတ်တရက်ပေါ်လာတယ်ဆိုတော့ ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ တခါတလေ ကံတရားဟာလည်း ကို့ကိုအရမ်းအနိုင်ကျင့်တယ်လို့ထင်မိတယ်။ ဘာလို့ဒီလိုတွေဖြစ်တာလဲ လို့ ကို့ကိုပြန်မေးကြည့်တော့လည်း အဖြေဟာထွက်မလာဘူး။
Posted by
monemone
at
9:40 PM
0
comments
Blog Design by Gisele Jaquenod | Work under CC License