Tuesday, February 5, 2008

cOme, Be my lOve

အချစ်တောင်ကြားမှာ
ကိုယ်လမ်းလျှောက်နေတယ်။
ကိုယ့်မျက်ဝန်းအစုံမှာ
အလင်းနဲ့ ပြည့်ဝလို့၊ ကိုယ့်ခြေအစုံက
ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ သန်စွမ်းလို့နေတယ်။
လူသားအားလုံးရဲ့
စစ်မှန်မှုထက် ပိုမိုတောက်ပပြီး ပိုမိုလှပတဲ့
အရိပ်တစ်ရိပ်နဲ့
ဘေးချင်းယှဉ်လျက် ကိုယ်လမ်းလျှောက်နေတယ်။
ပိုးသားလို နူးညံ့ပေမယ့်
သူရဲ့ ကိုယ်ပိုင်စိတ်အစွမ်းနဲ့
သန်မာနေတဲ့ လက်တစ်ဖက်ကို ကိုင်ရင်း
ကိုယ်လမ်းလျှောက်နေတယ်။
လက်ချောင်းလေးတွေက ညက်ပေမယ့်
အလေးအပင်တွေ မ ချီနိုင်ပြီး ကြီးမားတဲ့ လက်ပါ။
သံကြိုးတွေကို ဖြတ်တောက်နိုင်စွမ်းရှိတဲ့ လက်ပါ။
မကြာခဏဆိုသလို အရောင်တောက်ပတဲ့ မျက်ဝန်းအစုံနဲ့
ပြုံးနေတဲ့ နှုတ်ခမ်းအစုံကို ကြည့်ဖို့
ကိုယ့်ခေါင်းကို လှည့်မိတယ်။

ညွန့်ဝေမိုးရဲ့ ကိုယ့်အချစ် မင်းဖြစ်လှည့်ပါ ဘာသာပြန် ကဗျာစာအုပ်ထဲက ကဗျာဖြစ်ပါတယ်။

0 comments: