Tuesday, February 12, 2008

ဖိနပ် ၁

ကျွန်တော့်တွင် ဖိနပ်တစ်ရံရှိသည်။ ရူးသွပ်နေသောသူများ ဖိနပ်စီးဖို့ သတိမရကြဟု ကြားဖူးပါသည်။ ထို့ကြောင့် လူကောင်းလို့ ကျွန်တော်တို့ သတ်မှတ်သူများအားလုံး ကမ္ဘာမြေကြီးနှင့် တိုက်ရိုက်ထိတွေ့မှုနည်းပါးပြီး အောက်ခြေလွတ်တတ်ကြသည်။

*******************************************************************

ဇာတ်သိမ်း
............. တံခါးဝမှာ ဖိနပ်လေးရှိနေသည်။ကျွန်တော်ထွက်ခွာဖို့ရာ အချိန်ကျခဲ့ပြီဖြစ်ပါသည်။ လောကမြေသားနှင့် ထာဝစဉ် ထိတွေ့နေချင်သဖြင့် ထိုဖိနပ်လေးကိုထားခဲ့ပြီး ကျွန်တော် ခြေဗလာထွက်ခွာလာခဲ့သည်။ ..............

idea magazine No.79 February 2008 ထုတ်ထဲတွင် ညီလင်းဆက်၏ ' ကျွန်တော်နဲ့ အခြားသောအရာများ ' ကိုသဘောကျလို့ တစ်ချို့စာသားလေးကို ဖော်ပြလိုက်ပါတယ်။

1 comments:

Anonymous said...

မမ ဒီပို့စ်က ဘာကိုဆိုလိုချင်တာလဲဆိုတာ နည်းနည်း သဘောမပေါက်ဘူးဖြစ်နေတယ်.. သဘောပေါက်သလိုလည်း ရှိတယ်.. နားရှုပ်သွားပြီလားမသိဘူး.. အောက်ခြေမလွတ်ချင်လို့ ဖိနပ်မစီးတာပေါ့နော်.. အဲ့လိုလား.. :)