Monday, January 21, 2008

အိပ်ရေးပျက်တယ်ကွာ

အောင်မလေး... ဒီမနက် အစောကြီးထရတယ်။ ခွေးလေးကလာနိုးတယ်လေ ညကမအိပ်ရဘူး ခြင်တွေကို သွေးလှူနေလို့ .. ပုံမှန်ဆိုရင် မနက် ရ နာရီလောက်မှာ ထတယ်။ အခုတော့ ၆ နာရီ တစ်နာရီစော တာဘာမှမသိသာပေမယ့် ညလည်းမအိပ်ရတော့ ပိုဆိုးတာပေါ့..

ညမအိပ်ရရင် လူကမလန်းဘူး။ ညကောင်းကောင်းအိပ်ပျော်ရင် ၄ နာရီလောက်ပဲ အိပ်ရရင်လည်း လုံလောက်တယ်။ လူတစ်ယောက်ဟာ အိပ်ရေးပျက်ပေါင်းများလာရင် စိတ်ဓါတ်လည်းကျလာတတ်တယ် စိတ်ဓါတ်ကျလာတဲ့အတူ အလုပ်လည်းအဆင်မပြေ အချစ်ရေးအဆင်မပြေ အရာအားလုံးဟာ ကိုယ့်အတွက် ပြောင်းပြန်တွေဖြစ်နေတတ်တယ်..

ဘယ်လိုလုပ်ပြီး ကောင်းကောင်းအိပ်နိုင်အောင်အိပ်နိုင်မှာလဲ...


0 comments: