Monday, January 14, 2008

ပျော်စရာကောင်းသော အိမ်

သစ္စာတရားဆိုသော
အုတ်မြစ်ကို ချလိုက်ပါ၊
ဂုဏ်သိက္ခာဆိုသော
အကာအကွယ် နံရံနှင့်ကာလိုက်ပါ၊
ယုံကြည်မှု အမိုးနှင့်
အပေါ်ကခေါင်မိုးကို မိုးလိုက်ပါ၊
မီးလင်းဖို အခင်းပေါ်က
တောက်လောင်နေသော မီးလျှံဆိုတာ
အချစ်ပါ.....
မိုးတွေဘယ်လောက် သည်းသည်း
လေတွေဘယ်လောက် တိုက်တိုက်
အခုလို ပျော်စရာကောင်းတဲ့ အိမ်ကလေးကတော့
ဘယ်တော့မှ ပြိုပျက်မှာမဟုတ်ပါ။


A Happy Home By H.V.Dyke ကိုဘာသာပြန်ဆိုထားပါသည်။




0 comments: